အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ ကူမင်းတွင် (၅)ကြိမ်မြောက် ထပ်မံတွေ့ဆုံခဲ့ကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ ကူမင်းတွင် (၅)ကြိမ်မြောက် ထပ်မံတွေ့ဆုံခဲ့ကြောင်း သိရ


ရန်ကုန်၊ မေ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် MNDAA, TNLA, AAညီနောင်မဟာမိတ် (၃)ဖွဲ့တို့ ကူမင်းမြို့တွင် မေလ ၁၄ ရက်နေ့က ထပ်မံတွေ့ဆုံ ခဲ့ကြောင်း ရာမညတိုမ်း(တိုမ်း)-သတင်းအေဂျင်စီ က ဖော်ပြထားသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုအရ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လက လေးကြိမ်မြောက် ကူမင်းမြို့ ဆွေးနွေးပွဲတွင် နယ်စပ်ကုန်သွယ်ရေးအပါအဝင် သဘောတူညီမှု မရခဲ့သည့်အချက်များကို ထပ်မံဆွေးနွေးကြခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ပွဲကိစ္စရပ်များနှင့် ပတ်သတ်ပြီး AA နှင့် သီးသန့်တစ်ရက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

(၅)ကြိမ်မြောက် ဆွေးနွေးပွဲ၌ အစိုးရဘက်မှ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် ဦးဆောင်တက်ရောက်ခဲ့ပြီး AA မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်သည့်အဖွဲ့၊ ကိုးကန့်ဘက်မှ ပြင်ပဆက်ဆံရေးဌာနမှုး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင် ဦးဆောင်သည့်အဖွဲ့နှင့် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော် ကိုယ်စား မဟာမိတ်ဆက်ဆံရေးဌာနမှုး ဒုဗိုလ်မှူးကြီး တာမိုးဟိန်း ဦးဆောင်တက်ရောက်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)