စက်သုံးဆီ လက္ကားဈေးနှုန်း သိသိသာသာ ကျဆင်းလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်သုံးဆီ လက္ကားဈေးနှုန်း သိသိသာသာ ကျဆင်းလာ






နေပြည်တော်၊ မေ ၃၁

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ ၏ ထုတ်ပြန်ချက်များအရ ယခုလအစောပိုင်းနှင့် နှောင်းပိုင်းတွင် စက်သုံးဆီဈေးနှုန်း သိသိသာသာ ကျဆင်းလာသည်ကိုတွေ့ရသည်။

၂၀၂၄ ခုနှစ်၊ မေလ (၁)ရက်နေ့ စက်သုံးဆီလက္ကားဈေးနှုန်းများတွင် 92 Ron  တစ်လီတာ ၂၇၀၈ ကျပ်နှုန်း ရှိခဲ့ရာမှ မေလ (၃၁)ရက်နေ့ ထုတ်ပြန်ချက်တွင် 92 Ron တစ်လီတာ - ၂၄၃၃ ကျပ်နှုန်းအထိ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရသည်။

ယမန်နေ့က ထုတ်ပြန်သည့် သတင်းအရ ပြည်ပမှစက်သုံးဆီတင်သင်္ဘောများသည် ကြိုတင်စီမံထားသည့်အတိုင်း ပုံမှန်အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး Terminal အသီးသီးသို့ ချယူဖြည့်တင်းလျက်ရှိကြောင်း၊ ဆက်လက်၍လည်း ပုံမှန်ဝင်ရောက်လျက်ရှိနေကြောင်း၊ အရန်စက်သုံးဆီများလည်းပါဝင်ကြောင်းနှင့် ပြည်တွင်းစက်သုံးဆီသုံးစွဲမှုအတွက် ဖူလုံမှုရှိကြောင်း သိရှိရသည်။ 

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ပေါင်းစပ်ညှိနှိုင်း၍ တစ်နိုင်ငံလုံးရှိ စက်မှုဇုန်စက်ရုံ အလုပ်ရုံများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေးစသည့် အခြားကဏ္ဍအသီးသီးသို့လည်း လိုအပ်ချက်နှင့်အညီ ပို့ဆောင်ဖြန့်ဖြူးပေးလျက ရှိကြောင်း၊ ရောင်းဈေးနှုန်းကိုလည်း ထိန်းသိမ်းကြပ်မတ်လျက်ရှိသဖြင့် တည်ငြိမ်လျက်ရှိပြီး အများပြည်သူအနေဖြင့် အလွယ်တကူ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်လျက်ရှိကြောင်း သိရသည်။

စက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှုရှိ/ မရှိနှင့် ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိကို ရှောင်တခင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုအပ်သည့်အရေးယူဆောင်ရွက်မှု များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)