ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ စေတီပုထိုးများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ စေတီပုထိုးများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာ






နေပြည်တော်၊ မေ ၁၉

နေပြည်တော်သို့ ရောက်ရှိနေသော ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ စေတီပုထိုးများနှင့် အထင်ကရနေရာများသို့ သီးခြားစီ သွားရောက်လေ့လာခဲ့ကြသည်။

ရေကြောင်းလူငယ်မောင်မယ်များသည် နေပြည်တော် ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနသို့ သွားရောက်လေ့လာ ဖူးမြော်ကြည်ညိုခဲ့ကြပြီး တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကာ သင်တန်းသားများ၏ သိရှိလိုသည်များမေးမြန်းမှုကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

လေကြောင်းလူငယ်မောင်မယ်များသည် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးနှင့် ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)