မဟာအောင်မြေ ၊ မေ ၂၁
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း မုန့်တီစုသဲပုံစေတီနှင့် မင်းသားစုသဲပုံ စေတီနှစ်ဆူရှိရာ သဲပုံစေတီဘုရားပွဲတော်ကို မုန့်တီစုသဲပုံစေတီဘုရားဝင်းအတွင်း နှစ်စဉ် ကဆုန်လဆန်း(၁၃)ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလျက်ရှိသည်။
အဆိုပါ သဲပုံစေတီအား နှစ်စဉ်ပူဇော်ခွင့်ရရှိရန် ယိုးဒယားအနွယ်ဝင်တို့က ရွှေတချောင်းဘေးတွင် ရိုးရာမပြတ် ပူဇော်ခွင့်လျှောက်ထားသဖြင့် ၁၁၄၆ ခုနှစ်မှစတင်၍ ဘိုးတော်မင်းတရားက ခွင့်ပြုတော်မူရာ ရဟန်းတော် (ဘုရင်ကျောက်ဘွားထောက်)အကြီးအမှူးပြု၍ နှစ်စဉ်မဟာဝါဠုက သဲပုံစေတီပွဲကိုစတင်ပြုလုပ်ပူဇော်ခဲ့ပြီး ယခုအခါ (၂၄၀)ကြိမ်မြောက်အဖြစ် ထီးတော်အလှူရှင်၊ ကြာမောက်ကြာလှန်နှင့် ငှက်ပျောဖူးအလှူရှင်များ၊ ရပ်ကွက်နေအများပြည်သူများ၏ ကောင်းမှုများဖြင့် နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ကြောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ပြောပြ၍သိရသည်။
နှစ်စဉ်ကျင်းပပြုလုပ်ပူဇော်သည့် မုန့်တီစုသဲပုံစေတီ ထီးတင်ဘုရားပွဲအား မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးတိုက် ဩဝါဒစရိယဆရာတော် ဦးကောသလ္လက နှစ်စဉ်ကဆုန်လဆန်း(၁၃)ရက်နေ့တွင် ကျင်းပသည့် သဲပုံစေတီပူဇော်ပွဲ နမောတဿ သုံးကြိမ်ရွတ်ဆို၍ တရားတော်များဖြင့် ချီးမြှင့်ပေးခဲ့ပြီး စတုတိသာအလှူရှင်များကလည်း အများပြည်သူများကို အာဟာရဒါနများတိုက်ကျွေး၍ စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment