ဘားအံမြို့နယ်တွင် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား လိုက်လံအသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့နယ်တွင် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား လိုက်လံအသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်





ဘားအံ ၊  မေ   ၂၁


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်  မိုးကြိုကာလနှင့်မိုးနှောင်းကာလတို့တွင်ဖြစ်ပွားတတ်သော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်တို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ လိုက်လံအသိပညာပေးနှိုးဆောင်ခြင်းများကို မေလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက  ဘားအံမြို့ မဲဘောင်ဈေး၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)၊ အမှတ်(၉)ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


အသိပေးကြေငြာချက်တွင် မိမိအိမ်၏ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင် ပြုလုပ်ထားရန်၊ အိမ်အနီးရှိ ကျိုးကျနိုင်ဿော သစ်ပင်/သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားရန်၊ လေပြင်းတိုက်ခတ်ချိန်တွင် အမှိုက်များနှင့်ပစ္စည်းများ လေနှင့်အတူလွင့်ပါကာ အန္တရာယ်ဖြစ်စေနိုင်သောကြောင့် မလိုအပ်ဘဲအပြင်သို့ မထွက်ကြရန်၊ လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားရန်၊ နေအိမ်အဆောက် အအုံများတွင် မိုးကြိုးလွှဲများတပ်ဆင်အသုံးပြုရန်၊ ပြတင်းမှန်များအား အလင်းရောင်ဝင်ရောက်မှုမှ ကာကွယ်ထားရန်၊ လျှပ်စစ်မီးဖြတ်သော ပင်မမိန်းခလုတ်များ တပ်ဆင်ထားရန်၊ မိုးကြိုးပစ်ပြီး နာရီဝက်ခန့်ကြာ ဘေးကင်းလုံခြုံမှသာ အပြင်ထွက်ရန် စသည့် ဆောင်ရန်/ရှောင်ရန်များအား အသိပေးနှိုးဆော်ခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ အသိပညာ‌ပေးနှိုးဆော်ခြင်းများကို ကရင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဘားအံခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများက  အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ကျန်ရှိသော ရပ်ကွက်/ ကျေးရွာများသို့လည်း ဆက်လက်နှိုးဆော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)