တောင်ကြီး ၊ မေ ၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မိုင်းသော်အနောက်ကျေးရွာအုပ်စု၊ ပန့်ပုန်းကျေးရွာ၊ ပန့်ပုန်းဘုန်းကြီးကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပုံမှန်သင်တန်းများဖြစ်သည့် ယွန်းအတတ်ပညာဒီပလိုမာ (၂) နှစ်သင်တန်း၊ ယွန်းအတတ်ပညာကျွမ်းကျင်သူသင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာ (၁) နှစ်သင်တန်း၊ လက်ရက်ကန်း (၆) လသင်တန်းများကို သင်ကြားပေးပြီး အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းများဖြစ်သည့် စက်မှုဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း(၈)မျိုး၊ လက်မှုဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်း (၁၂) မျိုး၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးနှင့် သုတေသနဆိုင်ရာသင်တန်း(၇)မျိုး၊ ရက်ကန်းပညာနှင့် စက်ချုပ်အသက်မွေးဝမ်းကျောင်း သင်တန်း(၁၁)မျိုး၊ စုစုပေါင်းသင်တန်း (၄၃) မျိုးတို့ကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယခုဖွင့်လှစ်ပို့ချပေးမည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာများ အကြောင်း၊ လူသုံးကုန်လုပ်ငန်းသုံး ဓါတုဗေဒပစ္စည်းများအကြောင်း၊ ဆပ်ပြာခဲ၊ မှန်ကြည်ဆေး၊ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ယခုသင်ကြားပေးသည့် ဘာသာရပ်အားလုံးသည် ပြည်စုံသည်ဟုမယူဆဘဲ အခြေခံလုပ်နည်းများကို သင်ကြားပေးခြင်းဖြစ်သဖြင့် သင်တန်းကသင်ကြားပို့ချလိုက်သည့် ဘာသာရပ်များကို တီထွင်ဆန်းသစ်မှုများဖြင့် ထိုးထွင်းကြံဆပြီး အကောင်းဆုံး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကယာပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူးက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များက သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို မေလ ၂၇ ရက်မှမေလ ၃၁ ရက်နေ့အထိ ၇ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)
https://t.me/MyanmarNationalPost


No comments:
Post a Comment