သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် မျက်စိလူနာမှတ်တမ်းစာအုပ်များ စတင်ပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် မျက်စိလူနာမှတ်တမ်းစာအုပ်များ စတင်ပြုလုပ်ပေး





သီပေါ၊ မေ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခဲ့ရာ (၅၂)ကြိမ် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။


မျက်စိစမ်းသပ်ခွဲစိတ်ကုသမှုအား (၅၃)ကြိမ်မြောက်အဖြစ် ၂၀၂၄ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဆရာဝန်များနှင့် လူနာများ အဆင်ပြေချောမွေ့စွာ ကုသနိုင်ရေးအတွက် မျက်စိလူနာမှတ်တမ်းစာအုပ်များကို မေလ(၁)ရက်နေ့က စတင်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ၂၀၂၄ ခုနှစ်၊ မေလ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့ လာရောက်စမ်းသပ်ကုသနိုင်ကြောင်းနှင့် မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ရန်အတွက် အလှူရှင်များမှလည်း အလှူငွေများ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။


ခင်လေး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)