ရွှေတောင်မြို့နယ်တွင် "ဗုဒ္ဓဓါတ်ကမ္ဘာလွှမ်းခြုံဘုရားကြီး " ၏ဦးခေါင်းတော်ပင့်ဆောင့်ပူဇော်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် "ဗုဒ္ဓဓါတ်ကမ္ဘာလွှမ်းခြုံဘုရားကြီး " ၏ဦးခေါင်းတော်ပင့်ဆောင့်ပူဇော်ပွဲအခမ်းအနားကျင်းပ




ရွှေတောင်  ၊  မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊  ရွှေတောင်မြို့နယ် ၊ နွားမယံကျေးရွာအုပ်စု ၊ ဖိုးသိန်းတန်းကျေးရွာ ရဟန္တာ ( ၈၀) ကျောင်းတိုက်အတွင်း ကမ္ဘာပေါ်ပွင့်တော်မူသည့်"ဗုဒ္ဓဓါတ်ကမ္ဘာလွှမ်းခြုံဘုရားကြီး " ၏ဦးခေါင်းတော်ပင့်ဆောင့်ပူဇော်ပွဲအခမ်းအနားကိုယနေ့ နံနက် ( ၉း၀၀) နာရီကကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး ( ပြည်) ဗိုလ်မှူးချုပ် စိုးဦးဟန်နှင့် အဖွဲ့ဝင်များ၊ 

ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊အလှူရှင်များ၊ ဘုရားဘူးလာပြည်သူများတက်ရောက်ခဲ့ကြပြီး ရဟန္တာ ( ၈၀) မှဲ့ရှင်ကျောင်းတိုက် ဆရာတော်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးက ဘုရားရှင် ဦးခေါင်းတော်မြတ်ကြီးအား  အမွှေးနံသာများဖြင့် ပူဇော်၍ အမြင့်ပေ ( ၉၀)  ၊ရပ်တော်မူပေ ( ၉၀) ရုပ်ပွားတော်မြတ်ပေါ်သို့ ဦးခေါင်းတော်မြတ်ကြီးအား ကရိန်းဖြင့် ပူဇော်ပင့်ဆောင်ခဲ့ပြီး ရွှေမိုး ငွေမိုးများရွာသွန်းပေးခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)