ရွှေတောင်မြို့နယ်တွင်(၂၀၂၄-၂၀၂၅) ခုနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင်(၂၀၂၄-၂၀၂၅) ခုနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ




ရွှေတောင်  ၊  မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ( ၁၀) နာရီ အချိန် က(၂၀၂၄-၂၀၂၅) ခုနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်နိုင်ငံပိုင်ရင်းနှီးမြှပ်နှံမှု စီမံကိန်း ရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ ခဲ့သည်။ 

အခမ်းအနားသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ (မြို့နယ် စီမံ ကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ) ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဌာနဆိုင်ရာတာဝန်ရှိသူများ၊ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး မြို့နယ် စီမံ ကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီးမြို့နယ် စီမံ ကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်သိမ့်သိမ့်အောင်မှ စီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စီမံကိန်းရည်မှန်းချက်ဖြစ်သော ဒေသန္တရည်မှန်းချက်တာဝန်များအားမြို့နယ် စီမံ ကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်တာဝန်ရှိသူများက လယ်ယာကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်တာဝန်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန. မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်အားလည်းကောင်း၊စက်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်တာဝန်များအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်ဖြိုးဝင်အားလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်တာဝန်များအား မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဒေါ်သီသီလှိုင်အားလည်းကောင်း၊ရင်းနှီမြှပ်နှံမှု စီမံကိန်းရည်မှန်းချက်များအား မြို့နယ်လမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်အောင်လှိုင်တို့အား အသီးသီး ပေးအပ်ခဲ့ကြပြီးမြို့နယ် စီမံ ကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်မှ  နိဂုံးချုပ်အမှာစကားပြောကြးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)