ဂွ ၊ မေ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကြွေချိုင်ကျေးရွာ၊ မြို့မရပ်ကွက်ရှိ စိမ့်စမ်းသာ၊ ဒေါင့်ချောင်းကျေးရွာ၊ ကိုင်းတောကွင်းကျေးရွာများ၌ ပြည်သူများသောက်သုံးရေ ရရှိသုံးစွဲနိုင်စေရန် ရည်ရွယ်၍ မေလ ဒုတိယပတ်မှ စတင်ကာ မြို့နယ်မီးသတ်ဦးစီးမှူးဦးမျိုးမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေ များသွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ရေလှူဒါန်းပေးရာတွင် မေလ(၇)ရက်နေ့ကကြွေချိုင်ကျေးရွာသို့ ဂွမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဥ်၁စီးဖြင့် ရေဂါလန်၂၄၀၀နှင့် ဆပ်သွားမီးသတ်ယာဥ်၁စီးဖြင့် ရေဂါလန်၆၀၀၊ စုစုပေါင်းရေဂါလန်၃၀၀၀အားလည်းကောင်း၊ မေလ(၈)ရက်နေ့က မြို့မရပ်ကွက်စိမ့်စမ်းသာသို့မီးသတ်ယာဥ်၁စီးဖြင့်ရေဂါလန်၁၆၀၀အားလည်းကောင်း၊ မေလ(၉) ရက်နေ့ကဒေါင်းချောင်းကျေးရွာအုပ်စု၊၁၃မိုင် နှင့် ၁၄မိုင် ကျေးရွာများအား မီးသတ်ရေသယ်ယာဥ်၁စီးဖြင့်ရေဂါလန်၂၄၀၀အားလည်းကောင်း၊ မေ(၁၁) ရက်နေ့က ကိုင်းတောကွင်း ကျေးရွာအား မီးငြိမ်းသတ်ယာဥ်၁စီးဖြင့်ရေဂါလန်၈၀၀အားလည်း ကောင်း၊မေလ(၁၄)ရက်နေ့က ဂွမြို့ မြို့မရပ်ကွက်၊ စိမ့်စမ်း သာအားမီးငြိမ်းသတ်ယာဥ်၁စီးဖြင့်
ရေဂါလန်၂၄၀၀အား လည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် ၄ ရပ် ကိုအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ ပြည်သူ့အကျိုးပြု လုပ်ငန်းများ အနေဖြင့် နွေရာသီကာလ၌ ရေရှားပါးသည့် ကျေးရွာများတွင် နေထိုင်သည့် ပြည်သူများအား သောက်သုံးရေများ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment