အနန္တဂုဏလောကမာရဇိန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား စေတီတော်အထက်သို့ ပင့်ဆောင်တင်လှူခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနန္တဂုဏလောကမာရဇိန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား စေတီတော်အထက်သို့ ပင့်ဆောင်တင်လှူခြင်း အခမ်းအနားကျင်းပ






ငါးသိုင်းချောင်း၊ မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အနန္တဂုဏလောကမာရဇိန်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား စေတီတော်အထက်သို့ ပင့်ဆောင်တင်လှူခြင်း အခမ်းအနားကို ယနေ့နံနက်(၆း၀၀)က ဘုရားဝန်းအတွင်းရှိ ချမ်းသာကြီးတန်ဆောင်းတွင် စတင်ကာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘဒ္ဒန္တ သံဝရာဘိဝံသထေရ် ရွှေရေးဆောင်တိုက် ပဓါနနာယကဆရာတော် (သာသနဓဇသိရီပဝရဓမ္မာစရိယ၊အဘိဓမ္မပါဠိပါရဂူ၊အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) (နိုင်ငံတော်သံဃမဟာနာယက)နှင့် သြဝါဒဆရာတော်ကြီးများမှ ငါးပါးသီလချီးမြင့်ခြင်းနှင့် မေတ္တာသုတ်များ ရွတ်ဖတ်ပူဇော်ခြင်း ပြုလုပ်ခဲ့သည်။

ထို့နောက် စိန်ဖူးတော်ကို ဆရာတော်ကြီးများနှင့် ဧည့်ပရိတ်သတ်များမှ စေတီတော်ကြီးအား လက်ယာရစ်(၃)ပတ် လှည့်လည်ကာပူဇော်ခဲ့ပြီး  မင်္ဂလာသြဘာရတုများဖြင့် ရွတ်ဖတ်ပူဇော်ကာ စိန်ဖူးတော်အား မင်္ဂလာပန်းရထားဖြင့် စေတီတော်အထက်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြသည်။

အခမ်းအနားသို့် ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန်းချစ်အေး၊ အဖွဲ့ဝင် ၁ ဗိုလ်မှူးရဲသီဟထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်ကိုကို၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ ငါးသိုင်းချောင်းနယ်မြေစခန်းမှူး ဦးတင်လင်းထွဋ်၊ မြို့ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နေပြည်သူများ လာရောက်ဖူးမျှော်ကာ အခမ်းအနားကိုစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရ​သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)