နတ်မောက်မြို့ မြို့မဈေးအတွင်း/အပြင်ဘက်လမ်းမြေပေါ်တွင် ကျုးကျော်၍ ဈေးရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့ မြို့မဈေးအတွင်း/အပြင်ဘက်လမ်းမြေပေါ်တွင် ကျုးကျော်၍ ဈေးရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်





နတ်မောက် ၊  မေ  ၂၇


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း/အပြင်ဘက် ကျူးကျော်၍ ဈေးရောင်းချမှုမရှိစေရေးနှင့်  အများသုံးသန့်စင်ခန်းများ သန့်ရှင်းမှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့မဈေး အတွင်း/အပြင် ဆိုင်ခန်းရှင်များအား ကျူးကျော်တည်ခင်းရောင်းချမှုမရှိစေရေး၊  ပျံကျဈေးရောင်းချမှုများအား စည်းကမ်းနှင့်အညီ စနစ်တကျ သတ်မှတ်ထားသည့်နေရာများတွင် ရောင်းချစေရေး၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ဈေးအတွင်း/အပြင် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် နေ့စဉ် မိမိတို့၏ ဆိုင်ခန်းများမှ အမှိုက်များ စနစ်တကျစွန့်ပစ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် အများသုံးသန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေများကို အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဈေးတာဝန်ခံတို့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)