ငါးသိုင်းချောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ ကျောင်းအပ် လက်ခံခြင်းများစတင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါးသိုင်းချောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ ကျောင်းအပ် လက်ခံခြင်းများစတင်





ငါးသိုင်းချောင်း၊ မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၃ရက်နေ့ နံနက်ပိုင်းမှ စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်းနှင့် ကျောင်းသုံး ပြဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ တို့ကို ကျောင်းသား၊ ကျောင်းသူတိုင်းအား နိုင်ငံတော်မှ(အခမဲ့)ထောက်ပံ့ပေးပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ၎င်းထောက်ပံ့ပစ္စည်းများအပြင် ကျောင်းဝတ်စုံ တစ်စုံ စီပါထောက်ပံ့ကာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)