ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပ


နေပြည်တော်၊ မေ  ၂၂

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အား ရည်မှတ်၍ ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီး အရုဏ်ခံတန်ဆောင်းအတွင်း၌ ပြုလုပ်ရာ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိ ယတ္တိစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဿုတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကြွရောက်တော်မူကြသော စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီး ၉ ပါးတို့က တံခွန်ကုက္ကား၊ မုလေးပွားများ ဆက်ကပ်၍ ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ပြီး တက်ရောက်လာကြ သူများက ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရေစက်ချအလှူတော်မင်္ဂလာအား ဆက်လက်ပြုလုပ်ရာ သံဃာတော် များနှင့် တက်ရောက်လာကြသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင် တိုက်ဆရာတော်ထံမှ ၉ ပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်များ ရွတ်ပွား သရစ္ဇျာယ်တော်မူသော  ပရိတ်တရားတော်များအား နာယူကြည်ညိုကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တက်ရောက်လာကြသူ များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပုသိမ်မြို့၊ မရမ်းချိုပရိယတ္တိစာသင်တိုက်ဆရာတော် ဧရာဝတီတိုင်းဒေသကြီး သံဃာ့နာယက အဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သောဘိတ ထံမှ အနုမောဒနာ နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ပုသိမ်မြို့ သမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ သံဃာ တော် ၂၂၁၉ ပါးနှင့် သာသနာနွယ်ဝင် သီလရှင် ၁၂၉ ပါးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)