မော်လမြိုင်၊ မေ ၃
နေပြည်တော်တွင် ဘာသာပေါင်းစုံ ကိုယ်စားပြုနေရာဖြစ်စေရေးရည်ရွယ်၍ မြေပေးမိန့်များထုတ်ပေးခြင်း ကိစ္စအပေါ် မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်) မှ သဘောထားကြေငြာချက်ထုတ်ပြန်ထားသည်။
မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်) က "နပြည်တော်တွင် ဘာသာပေါင်းစုံကိုယ်စားပြုသည့်နေရာတစ်ခုအဖြစ်ရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေ တွင် ဘာသာပေါင်းစုံမှ ဘာသာရေးအသင်းအဖွဲ့များအတွက် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ် နိုင်ရန်အတွက် နိုင်ငံတော်မှ မြေပေးမိန့်များထုတ်ပေးခဲ့ကြောင်း၊ အဆိုပါမြေပေးမိန့်များထုတ်ပေးသည့် အခမ်းအနားတစ်ခုကို ဧပြီ ၁၂ ရက် မနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ပြီး ဗုဒ္ဓဘာသာကိုယ်စားလှယ်၊ ကက်သလစ်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ နှစ်ခြင်းခရစ်ယာန် ဘာသာကိုယ်စားလှယ်၊ အင်္ဂလီကန်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ ဆွန်နီအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ရှီ ယာအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ဟိန္ဒူဘာသာကိုယ်စားလှယ်စသည့် သက်ဆိုင်ရာ ဘာသာရေးအဖွဲ့ကိုယ်စားလှယ်များထံ မြေပေးမိန့်များ ပေးအပ်ခဲ့ခြင်းဟုသိရပါကြောင်း ပြောဆိုထားသည်။
ထိုသို့ ထုတ်ပေးခဲ့မှုနှင့် ပတ်သက်၍ "မိမိတို့မြန်မာနိုင်ငံ၌ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲ နေထိုင်ကြသော်လည်း တချို့သော ဘာသာဝင်များက ဗုဒ္ဓဘာသာအပေါ် စော်ကားခြင်း၊ ရိုင်းပြခြင်း၊ မထီမဲ့မြင်ပြုခြင်း၊
အထူးအားဖြင့် အစွန်းရောက် အစ္စလာမ်ဘာသာဝင်များ၏ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်ခြင်းများကြောင့် ပေါ်ပေါက်ခဲ့သည့် ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်ခဲ့သည်ကို ပြန်လည်ဆန်းစစ်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာများကို ကူညီပံ့ပိုးခြင်းသည် ဥပဒေက ခွင့်ပြုထားသည် မှန်သော်လည်း ယခုအခါ၌ မိမိတို့တိုင်းပြည်၏ စစ်ရေး၊ နိုင်ငံရေး အရှုပ်အထွေး ကာလမှာ ပြည်သူများ လက်ခံနိုင်ခြင်း မရှိသည့် ကိစ္စဖြစ်နေသည့်အတွက် ဘာသာပေါင်းစုံအဖွဲ့မှ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ် ဘာသာရေးအဖွဲ့များအား မြေနေရာများချထား ပေးမှုအပေါ် နိုင်ငံသားအများစုကိုးကွယ်ရာ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသော ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ များ၏ စိတ်နှလုံး မချမ်းမြေ့မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြန်လည်စီစစ်ရုပ်သိမ်းပေးပါရန် တောင်းဆိုထားခြင်း ဖြစ်သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment