မြစ်သားမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တရားမဝင် တင်သွင်းထားသည့်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တရားမဝင် တင်သွင်းထားသည့်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး





မြစ်သား၊ မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဆေးဝါးမှတ်ပုံတင် ရရှိပြီးသော ဆေးဝါးများနှင့် Brand Name ဆင်တူသော မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ်မပါရှိဘဲ တရားမဝင်တင်သွင်းထားသည့် ဆေးဝါးများကို ရောင်းချနေမှုများ ရှိ/မရှိနှင့် အများပြည်သူများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းသော ဆေးဝါးများ သုံးစွဲနိုင်ရေးတို့အတွက် ယနေ့ နံနက်ပိုင်းက ဆေးဝါးရောင်းချသော  ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးခိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မြစ်သားမြို့နယ် မြို့မအနောက်ရပ်ကွက်အတွင်းရှိ စွမ်းဆေးဆိုင်၊ နန်းစံပယ်ဆေးဆိုင်၊ မင်းကုန်းရပ်ကွက်အတွင်းရှိ တိမ်လွှာဆေးဆိုင်နှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)