ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်





သံဖြူဇရပ်  ၊  မေ ၁၇


မွန်ပြည်နယ်၊ သံဖြူဇရပ်မြိုနယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရား၏ ၁၃၈၆ခု(ကဆုန်လပြည့်၊ဗုဒ္ဓနေ့)အခမ်းအနားနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်၊ နှစ်ကျိတ်ရှစ်ဆူဘုရားရုပ်ပွါးတော်များမြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်အပူဇော်ခံကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမ္မာန်တော်ကြီးတွင် ပြုလုပ်သည်။


အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြတ်ဘုရားကြီး၏ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျိုက္ခမီမြို့ မြို့အုပ်ချုပ်ရေးမှုးနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီ ဦးစွာနမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကတော့ဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းက ဖွဲ့စည်းထားသောကော်မတီများမှ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)အခမ်းအနားနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်၊ နှစ်ကျိတ်ရှစ်ဆူဘုရားရုပ်ပွားတော်များမြို့တွင်းသို့ စည်ကာသိုက်မြိုက်စွာလှည့်လည်အပူဇော်ခံနိုင်ရေး လုပ်ငန်းစဥ်များကိုချပြဆွေးနွေးသည်။


ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအသီးသီတို့မှ မိမိတို့ကဏ္ဍအလိုက်တင်ပြဆွေးနွေးပြီး တာဝန်ရှိသူများမှလည်း လုပ်ငန်းလိုအပ်ချက်များအား ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)