လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

 




လိပ်သို  ၊  မေ  ၁၀


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်သည်။

            အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အခမ်းအနားများ၊ အစည်းအဝေးများတွင်  အခမ်းအနားမှူး ဆောင်ရွက်ရာ၌ အမှားအယွင်းမရှိ စနစ်တကျ အစီအစဉ်အတိုင်း ဆောင်ရွက်တတ်စေရန်နှင့် စကားအသုံးအနှုန်း မှန်ကန်စွာ ပြောဆိုတတ်စေရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် အခမ်းအနားမှူး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အခမ်းအနားမှူးတစ်ဦးတွင် ရှိသင့်သည့် အရည်အချင်းများ၊ အခမ်းအနားမှူး သိသင့်သိထိုက်သည့် ဆောင်ရန်/ရှောင်ရန်များ၊ အသုံးအနှုန်း ဝေါဟာရများ မှန်ကန်စွာ သုံးစွဲပြောကြားခြင်း၊  လက်တွေ့လေ့ကျင့်ခြင်းနှင့် အသံအဖြတ်အတောက်များတို့ကို  ဆွေးနွေးသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

                 အဆိုပါ သင်တန်းတွင် လိပ်သိုမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်း (၁၀) ဦး တက်ရောက်သင်ကြားလျက်ရှိရာ သင်တန်းကာလမှာ မေလ ၉ ရက်နေ့ မှ ၁၀ ရက်နေ့ အထိ နေ့စဉ် နံနက် (၁၀) နာရီမှ (၁၂) နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ခင်လေးနွယ် (လိပ်သို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)