မြန်မာနိုင်ငံသားမဟုတ်တော့သည့် CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံသားမဟုတ်တော့သည့် CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ




မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်ပြီး ပြည်ပကို ထွက်ပြေးသွားတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များဟာ သူတို့ရောက်ရှိရာ တတိယနိုင်ငံများမှာ နိုင်ငံသားအဖြစ် ခံယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ 

မြန်မာနိုင်ငံသားမဟုတ်တော့ဘဲ အမေရိကန်နဲ့ သြစတေးလျနိုင်ငံများမှာ နိုင်ငံသားခံယူလိုက်ကြတော့ အကြမ်းဖက်အဖွဲ့ဝင်တချို့ရဲ့ စာရင်းကို သက္ကမိုးညို က သူသိထားသလောက် အများပြည်သူကို ချပြထားပါတယ်။

(နိုင်ငံခြားမှာ ခိုလှုံတဲ့ အမတ်စာရင်း (သိသလောက်ပဲရှိသေး၊ ကျန်ဦးမှာ)၊ အသက်ဘေး အတွက် ပြေးရင်ပြေး၊ ဝင်မပါနဲ့တော့။ နိုင်တော့မယ်ဆိုပြီး ဖျင်ယားရင် ကြိတ်မှာ တယောက်တယောက်ကို အမျိုး ၂၀ နဲ့မြှောက်)

1.ဦးအောင်ကြည်ညွှန့် (CRPH) အမျိုးသား (အမေရိကန်)၊ 2.ဦးကျော်ထွေး (CWC) ပြည်သူ (အမေရိကန်)၊ 3.ဒေါ်မေဝင်းမြင့် ပြည်သူ  (အမေရိကန်)၊ 4.ဒေါ်သန္တာ ပြည်သူ (သြစတေးလျ)၊ 5.ကိုအေးမင်းဟန် အမျိုးသား (အမေရိကန်)၊ 6.ကိုဇော်မင်းလတ် ပြည်နယ် (အမေရိကန်)၊ 7.ဒေါ်နီနီအောင် တိုင်းဒေသ (အမေရိကန်)၊ 8.ဒေါ်အေးမြမြမျိုး ပြည်သူ (အမေရိကန်)၊ 9.ဒေါ်မြသီတာထွန်း အမျိုးသား (အမေရိကန်)၊ 10.ကိုတင်ထွန်းနိုင် (ဝန်ကြီးNUG)ပြည်သူ (ချက်)၊ 11.ကိုစိုးသူရထွန်း (ဝန်ကြီးNUG) ပြည်သူ (ချက်)၊ 12.ကိုရန်အောင် တိုင်းဒေသ (အမေရိကန်)၊ 13.ဒေါ်ဖြူဖြူ ပြည်သူ (အမေရိကန်)၊ 14.ကိုဝင်းမောင် ပြည်သူ (အမေရိကန်)၊ 15.ကိုနေမျိုးထက် ပြည်သူ (အမေရိကန်)၊ 16.မိကွန်ချမ်း ပြည်သူ (အမေရိကန်)၊ 17. Dr ဝင်းမြတ်အေး (ဝန်ကြီးNUG) (အမေရိကန်)၊ 18.ဒေါ်ဇင်မာအောင် (ဝန်ကြီးNUG) ပြည်သူ (အမေရိကန်)၊ 19. ကိုငြိမ်းသစ် NLD (အမေရိကန်)၊ 20. မင်းဇေယျာဦး (ဒုဝန်ကြီးNUG) (အမေရိကန်)၊ 21. မော်ထွန်းအောင် (ဒု ဝန်ကြီးNUG) (ဆွီဒင်)၊ 22.ဦးဇော်ဇော်ထူး ပေါင်ပြည်နယ် ကစလ (သြစတေးလျ)၊ 23.ဦးထက်နိုင်ဦး ကျောက်တန်းပြည်သူ (သြစတေးလျ)၊ 24.ဒေါ်ခိုင်ခိုင်လဲ့ သထုံ ပြည်နယ်ကစလ (အမေရိကန်)၊ 25.ဒေါ်ကေသီဇာလှိုင်း သထုံပြည်သူ (အမေရိကန်)၊ 26. ကိုကျော်ကျော်မောင် တိုင်းဒေသ (သြစတေးလျ)၊ 27. ဒေါ်စိုးပပ တိုင်းဒေသ (အမေရိကန်)၊ 28. ကိုဖြေရယ် အမျိုးသား (အမေရိကန်)၊ 29. ဒေါ်ခင်သန်းနု အမျိုးသား (အမေရိကန်)၊ 30. သန်းထိုက်အောင် (အမေရိကန်)၊ 31. ဦးရဲဝင်းထွန်း ပြည်သူ ပေါက်မြို့နယ် မကွေး (အမေရိကန်)။

အထက်ဖော်ပြပါ စာရင်းဟာ NLD လွှတ်တော်အမတ်ဟောင်း CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ ဖြစ်ကြပြီး မြန်မာနိုင်ငံသား မဟုတ်တော့ဘဲ အမေရိကန်၊ ချက်၊ ဆွီဒင်၊ သြစတေးလျနိုင်ငံများသို့ ထွက်ပြေး ရောက်ရှိပြီး နိုင်ငံသားအဖြစ် ခံယူလိုက်ကြတဲ့ အကြမ်းဖက်လှုံ့ဆော်သူများ ဖြစ်ပါတယ်။ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ပြီး အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ကြတဲ့ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို ပါ အကြမ်းဖက်လှုံ့ဆော်သူများကိုလည်း နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစာရင်းမှ ပယ်ဖျက်ထားပြီး ဖြစ်ပါတယ်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)