မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က သတင်းမီဒီယာလုပ်ငန်းများတွင် ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်လိုကြောင်း ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က သတင်းမီဒီယာလုပ်ငန်းများတွင် ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်လိုကြောင်း ပြောကြား


ရန်ကုန်၊ မေ ၁၇

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကျင်းပသည့် သတင်းမီဒီယာဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကို ယမန်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပရာ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ကော်မရှင်၏ လုပ်ငန်းတာဝန်များအကြောင်းနှင့် သတင်းမီဒီယာလုပ်ငန်းများတွင် ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်လိုသည့်အကြောင်းများ ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က သတင်းသမားများထားရှိရမည့် စိတ်နေစိတ်ထားနှင့် နိုင်ငံတော်အပေါ်သစ္စာရှိသော သတင်းမီဒီယာသမားများ ပေါ်ပေါက်လာစေရေးကိုလည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံက သတင်းသမားများ လိုက်နာရမည့်ကျင့်ဝတ်နှင့် သတင်းတုသတင်းမှားများ ချေဖျက်နိုင်ရေးကိုလည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ စာရင်းစစ်မှူး ဒေါ်မြင့်မြင့်သိန်း (တက္ကသိုလ်မြမဉ္ဇူ)က သတင်းမီဒီယာဥပဒေများနှင့်စပ်လျဉ်း၍လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်ရုံး ဝန်ထမ်းများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)