ရန်ကုန်၊ မေ ၁၇
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက KNUနှင့် KNPP မှ ပုဂ္ဂိုလ် ၂ဦးကို လက်ခံတွေ့ဆုံခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် NUG အကြမ်းဖက်အဖွဲ့မှ ဇော်ဝေစိုး ပါဝင်လာခြင်းမှာ ကပ်လိုက်လာပြီး ဖျာဝင်ခင်းဖို့ ကြိုးစားခြင်းဖြစ်ကြောင့် NUG အကြမ်းဖက်အဖွဲ့ဝင်များ၏ လုပ်ရပ်များကို ဖော်ထုတ် ပြောဆိုနေသည့် သက္ကမိုးညို က ပြောဆိုထားသည်။
သက္ကမိုးညို က "ဂျပန်က KNU နဲ့ KNPP ကို ခေါ် ဆွေးနွေးတယ်၊ NUG က ဇော်ဝေစိုးက ကပ်လိုက်ပြီး ဝင်ဖျာခင်းဖို့ ကြိုးစားတယ်၊ ဂျပန်က အတွေ့မခံဘူး။ ဒီတော့ သတင်းစာရှင်းပွဲမှာ ဇွတ်ဝင်ထိုင်ပြီး သူတို့ ပါသယောင်ယောင် ဂျင်းထည့်တယ်၊ NUG အဆင့်က ဆွေးနွေးပွဲမှာ နောက်မြီးက ဆွဲလိုက်ရ လိုက်ရဆိုတဲ့ အဆင့်ရောက်သွားပြီ။ I am just reporting ပါ။" ဟု ပြောဆိုထားသည်။
KNU အဖွဲ့၏ မီဒီယာဖြစ်သော KIC မှ ဖော်ပြရာတွင် "ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ နိုင်ငံခြား ရေးဌာန ဒု-ဝန်ကြီးမစ္စတာ KOMURA Masahiro တို့ ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က ပြုလုပ်သော တွေ့ဆုံမှုတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းသွားနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။" ဟု ဖော်ပြခဲ့သည်။
အဆိုပါ သတင်းဖော်ပြချက်တွင် NUG အကြမ်းဖက်အဖွဲ့မှ ဇော်ဝေစိုး ပါဝင်ခြင်းမရှိခဲ့ဘဲ ယမန်နေ့က ထုတ်ပြန်သည့် သတင်းတွင် မြန်မာနိုင်ငံရှိဒုက္ခသည်ပြည်သူ ၃ သန်းအတွက် လူသားချင်းစာနာမှုအကူအညီများပေးရန် NUG နှင့် ERO တို့က ဂျပန်အစိုးရအား တောင်းဆိုခဲ့ကြောင်း ဂျပန်မီဒီယာများတွင် ဖော်ပြထားသည်ကို ကိုးကားရေးသားထားသည်ကို တွေ့ရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment