ရန်ကုန် - မော်လမြိုင် လမ်းပိုင်း ဘီလင်းမြို့နယ်အတွင်းမှာ ရှိတဲ့ ကျုံအိတ်တံတားကို KNLA/PDF အကြမ်းဖက်အဖွဲ့များက ဖောက်ခွဲဖျက်ဆီးခဲ့ကြပါတယ်။ ၁၂-၅-၂၀၂၄ ရက်နေ့မှာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဘေလီတံတားထိုးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုအရ ဘေလီတံတားထိုးနိုင်ဖို့ကိုလည်း လုပ်ငန်းဖော်ဆောင်ခဲ့ကြပါတယ်။ တံတားပြုပြင် တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့များကို KNLA/PDF က ဒရုန်းတွေနဲ့ လာရောက်တိုက်ခိုက်လို့ လုပ်ငန်းရပ်ဆိုင်းခဲ့ရပါတယ်။
ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရေး ဘေလီတံတား ဆောက်လုပ်ပေးဖို့ အခြေအနေမပေးတဲ့အတွက် မြေသားလမ်းကနေ ဖြတ်သန်းသွားလာလို့ ရအောင်ပဲ စီစဉ်ဆောင်ရွက်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။
ဒီအချင်းအရာကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်အဖွဲ့တွေက အဖျက်အမှောင့်လုပ်မယ်။ အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်မယ်။ သူတို့ ဖျက်ဆီးပြီးလို့ ပြန်လည်ပြုပြင်တာကိုပင် လက်မခံဘဲ စဉ်ဆက်မပြတ် တိုက်ခိုက်မှုတွေ လုပ်နေတယ်ဆိုတာတော့ အောက်တန်းကျလွန်းတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
KNU ဦးဆောင်သော အကြမ်းဖက်အဖွဲ့များဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့မှာ လမ်းတံတားများ ဖျက်ဆီးမှုတွေ များစွာ လုပ်ဆောင်ခဲ့ကြပါတယ်။ အများပြည်သူ အတိဒုက္ခရောက်အောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေသူတွေကို ပြည်သူလူထုက အားကိုးယုံကြည်လာလိမ့်မယ်လို့ မျှော်လင့်နေကြသလား။
ပြည်သူတွေ ယုံမိမှားခဲ့လို့ တိုင်းပြည်မှာ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏဟာ မရေတွက်နိုင်လောက်ကို များပြားခဲ့ပါပြီ။ ပြည်သူများကတော့ အတိဒုက္ခမျိုးစုံနဲ့ ပြည်ဖျက်မိစ္ဆာတွေကတော့ ကျည်လွတ်မြေမှာပါ။ ပြည်ဖျက်မိစ္ဆာတွေရဲ့ သြဇာခံ အကြမ်းဖက်သမားတွေကတော့ ပြည်ပနိုင်ငံများက အထောက်အပံ့တွေ ရနေသ၍ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေကြအုံးမှာပါ။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment