ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် နယ်မြေရှင်းလင်းရေးအဖွဲ့များနှင့် KNPP/ KNDF အကြမ်းဖက်သမားများ ထိတွေ့မှုဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်သမား ၄ဦး အသေဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် နယ်မြေရှင်းလင်းရေးအဖွဲ့များနှင့် KNPP/ KNDF အကြမ်းဖက်သမားများ ထိတွေ့မှုဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်သမား ၄ဦး အသေဖမ်းဆီးရမိ



နေပြည်တော်၊ မေ ၁

ကယားပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဓမ္မသိဒ္ဓိဘုန်းကြီးကျောင်းအနီးတစ်ဝိုက် ယမန်နေ့က နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ KNDFနှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်လုပ်ပုလင်းမိုင်း ၃ လံဒး၊ တိုက်မိုင်း ၂ လုံး၊ ရှေ့ထွက်မိုင်းဖြု(စ်) ၄ ခု၊ ကျည်အိမ်မျိုးစုံ ၃ ခု၊ ကျည်မျိုးစုံ ၂၂ တောင့်၊ ပြောက်ကျားယူနီဖောင်း ၃ စုံ သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။

အလားတူ ဖားဆောင်းမြို့နယ်၊ မြေခံတပ်ရင်းဌာနချုပ်သို့ KNPP/ KNDF အင်အား ၁၄၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာသွားသည့် ရန်သူနောက်သို့ နယ်မြေရှင်းလင်းရေးအဖွဲ့က လိုက်လံရှင်းလင်းရာ  တောင်ပေါ်ရွာအနီးသို့အရောက် KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၆၀ ဦးခန့်က ၁ ကြိမ်၊ နေရာ ၃ နေရာမှ အင်အား ၄၅ ဦးခန့်က ဒရုန်း ၁ စီးဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိတွေ့မှုဖြစ်စဉ်အတွင်း KNPP/KNDF ၄ လောင်း၊ အမ်(၂၂) ၃ လက်၊ ဘီအေ(၆၃) ၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၇၅ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ပြည်တော်သာကျေးရွာ တောင်ဘက်သို့အရောက် အကြမ်းဖက်အင်အား ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ အမ်အေ(၁) ၁ လက်၊ ကာဘိုင် ၁ လက်၊ ကျည်အိမ် ၃ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း၌ အကြမ်းဖက်သမားများ ခိုအောင်းလှုပ်ရှားမှုမရှိစေရေး နယ်မြေရှင်းလင်းစဉ် ရေတာရှည်၏ အရှေ့မြောက်ဘက်သို့အရောက် အကြမ်းဖက်အင်အား ၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ရှင်းဆောင်ရွက်ခဲ့ရပြီး အမ်(၁၆) ပုံပြောင်း ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)