ဘီလင်းမြို့နယ်အတွင်းရှိ မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသော ကျုံအိတ်တံတားပြုပြင်နေသည်ကို KNU အကြမ်းဖက်အဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီလင်းမြို့နယ်အတွင်းရှိ မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသော ကျုံအိတ်တံတားပြုပြင်နေသည်ကို KNU အကြမ်းဖက်အဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေ



ဘီးလင်း၊ မေ ၁၄

ဘီးလင်းမြိုနယ်နှင့် သထုံမြိုနယ်အစပ် ရန်ကုန် - မော်လမြိုင်လမ်းမပေါ်ရှိ ကျုံအိတ်တံတားအား KNU တပ်မဟာ ၁ နှင့် PDF အကြမ်းဖက်အဖွဲ့တွေက မေလ ၁၁ ရက်နေ့ မနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက် ဖောက်ခွဲဖျက်စီးခဲ့သည့်အတွက် ကွန်ဂရိတံတားတစ်ခြမ်းနှင့် ဘေလီတစ်ခြမ်းပါ ပြိုကျပျက်ဆီးသွားခဲ့ပြီး အများပြည်သူ သွားလာနိုင်ရန် ဘေလီတံတား ဆောက်လုပ်နှေုအပေါ် KNU အကြမ်းဖက်အဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် ရပ်နားထားရကြောင်း သိရသည်။

ကျုံအိတ်တံတားမိုင်းခွဲဖျက်ဆီးခံရပြီး မွန်ပြည်နယ် အစိုးရအဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ယာဉ်အသွားအလာ အဆင်ပြေစေရေး ဘေလီတံတားသစ် ပြန်လည်ဆောက်လုပ်ရန်စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တံတား၏ ကမ်းကပ်ခုံပြိုကျပျက်စီးသွားခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ၏ လမ်းညွှန်မှုအရ လူနှင့် ကုန်စည်စီးဆင်း သွားလာမှု မပြတ်တောက်ရန် လမ်းဦးစီးအဖွဲနှင့် ရွှေသံလွင်ကုမ္ပဏီက တည်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး KNU အကြမ်းဖက်အဖွဲ့က ဒရုန်းဗုံးများဖြင့် နေ့စဉ်လာရောက်တိုက်ခိုက်နေသည့်အတွက်  တံတားပြုပြင်မှုကို ဆက်လက်မလုပ်ဆောင်နိုင်ခြင်းမရှိဘဲ ခေတ္တရပ်ဆိုင်းထားရကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)