သထုံမြို့နယ်တွင် KNU/PDF အကြမ်းဖက်သမားများက Drop Bomb တိုက်ခိုက်မှုကြောင့် ခရီးသည်ယာဉ်ငယ် တစ်စီး မီးလောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်တွင် KNU/PDF အကြမ်းဖက်သမားများက Drop Bomb တိုက်ခိုက်မှုကြောင့် ခရီးသည်ယာဉ်ငယ် တစ်စီး မီးလောင်




သထုံ၊ မေ ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရေဝေကျေးရွာဆိုင်းဘုတ်အနီးတွင် KNU/PDF အကြမ်းဖက်သမားများက Drop Bomb ဖြင့် တိုက်ခိုက်မှုကြောင့် ခရီးသည်ယာဉ်ငယ် ၁စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ (မေလ ၁၅ ရက်နေ့ နေ့လည် ၁နာရီ ၁၅ မိနစ်) အချိန်ခန့်က KNU/PDF တပ်ဖွဲ့များမှ ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဒရုန်းဗုံးတစ်လုံးမှာ ရန်ကုန်-မော်လမြိုင်ကားလမ်းမမှ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာသို့သွားသည့်လမ်းသွယ်၊ ရေဝေကျေးရွာ ဆိုင်းဘုတ်အနီးတွင် ရပ်ထားသော ယာဉ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်မှာ ပြည်မြို့နေ အသက် ၄၀ နှစ်အရွယ် ဦးအာကာမြင့် မောင်းနှင်သော ရန်ကုန်-မြဝတီ ပြေးဆွဲသည့် ပြည့်အားမာန် ယာဉ်လိုင်းမှ HIGER အမျိူးအစား အဖြူရောင်(အန်စာတုံး)ယာဉ်ဖြစ်ပြီး ဒရုန်းဗုံးတစ်လုံးမှာ ကားပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ ကားရပ်ထားသည့် နေရာ မြောက်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် ယာဉ်မှာ မီးလောင်သွားခဲ့ပြီး အနီးနားရှိ ဒေသခံများ၊ ယာဉ်မောင်းများနှင့် ခရီးသွားများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာ လူထိခိုက်မှု မရှိကြောင်း သိရသည်။


Crd - ရာမညတိုမ်း(တိုမ်း)

Photo: Ministry of Foreign Affairs of Japan

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)