ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်​အောင်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကွင်းဆင်း​ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်​အောင်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကွင်းဆင်း​ဆောင်ရွက်





ပုသိမ်၊ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်​အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြောက်ကျေးရွာအုပ်စုရှိ တောင်သူဦးပြည့်ဖြိုးဟန်၏ စိုက်ဧက(၃)ဧကတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆင်းသုခစပါး နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ စိုက်နည်းစနစ်များ​​ပြောင်းလဲစိုက်ပျိုး​ရေး၊ အထွက်တိုးမျိုး​ကောင်းမျိုးသန့်များစိုက်ပျိုး​ရေး၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) များ ထည့်သွင်းစိုက်ပျိုးရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့ပြီး ​ဒေသခံ​တောင်သူများ၏ လိုအပ်ချက်များ တင်ပြမှုအ​ပေါ် တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်း​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့ပြီး ဆင်းသုခစပါးနွေစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ တောင်သူ ဦးပြည့်ဖြိုးဟန် ၏ စိုက်ဧက(၃)ဧကတွင် ဆင်းသုခစပါး နွေစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက် အထွက်နှုန်းမှာ စပါးအခြောက် (၁၁၁)တင်း ထွက်ရှိခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ တောင်သူဦးမော်ထွေး၏ စိုက်ဧက(၁၄)ဧကတွင် ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်သည် တောင်သူများအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ခဲ့ ပြီး ဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ကြဲပက်ပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့အား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နန်ကသူဆည်ရေဖြင့် သုံးသီးထပ်မံစိုက်ပျိုးနိုင်ရန် ရေသွယ်မြောင်းတူးဖော်ခြင်း(၄၄၀၀)ပေ၊ အကျိုးပြုဧက(၉၀)ဧကအတွက် လုပ်ငန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က သုံးသီးစိုက်တောင်သူများ အတွက် စိုက်ပျိုး​ရေလုံ​လောက်စွာရရှိ​ရေးနှင့် အချိန်မီပေးဝေနိုင်ရေး၊ တောင်သူများအနေဖြင့် ဆည်ရေအား အကျိုးရှိစွာသုံးစွဲနိုင်ရေး မှာကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာန (ခြင်ကိုက်ကွင်း+ကွင်းကောက်) ဘိနယ်ပျိုးဉယျာဉ်သို့ သွားရောက်၍ ဌာနဆိုင်ရာများနှင့် လူထုအားဖြန့်ဝေစိုက်ပျိုးနိုင်ရေးအတွက် ပျဥ်းကတိုး၊ ကံ့​ကော်၊ ခ​ရေ၊ ​ရေတမာ၊ ​မျောက်ငို အထူးပျိုးပင် (၂၅၀၀၀) ပျိုးထောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီကာလအတွင်း ပျိုးပင်များအချိန်မီဖြန့်ဝေနိုင်ရေးနှင့် စိုက်ပျိုးပြီးသည့်ပျိုးပင်များ ရှင်သန်စေရေးအလေးထား လိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေငြိမ်းအေးကျောင်းတိုက် စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသား ပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် စာအုပ်များပေးအပ်ခဲ့သည်။  ဆက်လက်၍  တိုင်း​ဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တလုတ္ထော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ကိုယ့်အားကိုယ်ကိုး ကျောင်းစာကြည့်တိုက် ဆောက်လုပ်နေမှုကို ကြည့်ရှုအား​ပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ဖြတ်တာတည်ဆောက်‌နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖောင်ဆိပ်ကျေးရွာအနီး နှစ်အလိုက်မြစ်ကမ်းပါးနှင့် တာတမံအခြေအနေများ၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများ ၏ကမ်းပါးများ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် နှစ်အလိုက် ကမ်းပါးပြောင်းလဲလာမှု အခြေအနေများ၊ တာလုံး​ရွှေ့ခြင်းလုပ်ငန်း ​ဆောင်ရွက်​နေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများအား ကမ်းပြို၍ ကိုင်းချောင်းကျေးရွာအုပ်စုသို့ ပြောင်းရွှေ့မည့် အိမ်ရာအကွက်ချထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက အိပ်ပျက်ကျေးရွာအုပ်စုရှိ တာငုတ်၊ ငှက်ပျောတော၊ အုန်းတော၊ ဖောင်ဆိပ်ကျေးရွာများအား ကမ်းပြို၍ ကိုင်းချောင်း ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၈၇-ခ)၊ (၁၄၄၁)ကွင်းသို့ ပြောင်းရွှေ့ရန်လျာထားမှုများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က  အိမ်ရာအကွက်ချထားမှုများအား စနစ် တကျဖြစ်​စေ​ရေးမှာကြားခဲ့သည်။


ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ ဟင်္သာတကမ်းနားတာ တာမိုင် (၅/၄+၁၀၀') နှင့် ဧရာဝတီ-ဟင်္သာတတာ တာမိုင်(၅/၀+၄၅၀')ကြားတွင် အလျား (၀.၆၇၂)မိုင်၊ ထိပ်ဝအကျယ်(၁၄)​ပေ၊ ​အောက်​ခြေအကျယ်(၇၅)​ပေ၊ ပျမ်းမျှအမြင့် (၁၇)​ပေရှိ ဖြတ်တာ(၁-င) တည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်း​ဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများအား မိုးဦးကျကာလတွင် ​ရေ​ဘေးအန္တရာယ်မဖြစ်​စေ​ရေး​ဆောင်ရွက်ရန်၊ ဖြတ်တာတည်​ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး​ရေးနှင့် ကြံ့ခိုင်မှုရှိ​စေ​ရေး အ​လေးထား​ဆောင်ရွက်ရန် မှာကြားခဲ့သည်။


လှမင်းထွဋ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)