ဒိုက်ဦးမြို့နယ်၊ အလယ်ခင်ကျေးရွာမှ NUG, PDF အကြမ်းဖက်အဖွဲ့၏ လက်နက် ခဲယမ်း အမြောက်အများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၊ အလယ်ခင်ကျေးရွာမှ NUG, PDF အကြမ်းဖက်အဖွဲ့၏ လက်နက် ခဲယမ်း အမြောက်အများ ဖမ်းဆီးရမိ



ဒိုက်ဦး၊ မေ ၃၁

အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးချက်အရ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အလယ်ခင်ကျေးရွာနေ ဦးစိုးလေး (၇၃) နှစ် (ဘ)ဦးထွန်းရှိန်၏နေအိမ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေခဲ့ရာ NUG, PDF အကြမ်းဖက်အဖွဲ့၏ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုတွင် NUG, PDF အကြမ်းဖက်အဖွဲ့၏ FGC 9 သေနတ်အတို   ၃၀ လက်၊ ကျည်အိမ်   ၄၀ ခု၊  ၉ မမကျည်  ၁၅၀၀ တောင့်၊ ရီမု  ၁၅ ခု၊ Rreciver  ၄၅ ခု၊ လက်လုပ်ရှေ့ထွက်မိုင်း  ၂ လုံး၊ ထိုင်းနိုင်ငံထုတ်ရှေ့ထွက်မိုင်း  ၁ လုံး၊ ယမ်းကြိုး (ပေ ၃၀)  ၁ ခွေ၊ ကြိုးဆွဲလက်ပစ်ဗုံး  ၂  လုံး သိမ်းဆည်း ရရှိခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)