ရေစကြိုPDF အကြမ်းဖက်သမားများရဲ့ လူမဆန်တဲ့ လုပ်ရပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုPDF အကြမ်းဖက်သမားများရဲ့ လူမဆန်တဲ့ လုပ်ရပ်



၁၈-၅-၂၀၂၄ ရက်နေ့ ညပိုင်းက ရေစကြိုမြို့မှာ ပညာရေးဝန်ထမ်း အငြိမ်းစား ဆရာကြီးနဲ့ ဆရာမကြီး တို့ကို PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဓာတ်ပုံမှတ်တမ်းများကို ဒီကနေ့ (၂၀-၅-၂၀၂၄) ရက်နေ့မှာ မြင်တွေ့ရပါတယ်။ ဒီကနေ့မှာ ဆရာကြီးနဲ့ ဆရာမကြီးတို့ကို ပရဟိတအဖွဲ့က ဦးဆောင်ပြီး မီးသင်္ဂြိုလ်ပေးကြမှာ ဖြစ်ပါတယ်။

PDF အကြမ်းဖက်သမားများက အသက် ၇၀ အရွယ် အငြိမ်းစား ပညာရေးဝန်ထမ်း နှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်း အကြောင်းကတော့ ကလေးငယ်တွေကို စာသင်ကြားပေးနေလိုဆိုပြီး သတ်ဖြတ်ကြခြင်း ဖြစ်ပါတယ်။ ပညာမဲ့ လူယုတ်မာ နီပိန်း PDF အကြမ်းဖက်သမားများဟာ သူတို့ကိုယ်တိုင်လည်း ဆင်ခြင်တုံတရားမရှိသလို မျိုးဆက်သစ် လူငယ်တွေကိုလည်း အသိပညာ၊ အတတ်ပညာနဲ့ ပြည့်စုံတဲ့ လူငယ်တွေ ဖြစ်လာမှာကို မလိုလားတဲ့ သဘောပါပဲ။

အခုလို ဖြစ်သွားပြီးချိန်မှာတော့ ဆရာကြီးနဲ့ ဆရာမကြီး တို့ ကောင်းရာသုဂတိလားပါစေ၊ ဘဝအဆက်ဆက် နီပိန်း ပဒက်လို သူယုတ်မာဘေးက ဝေးပါစေ လို့ ဆုတောင်းပေးနေရုံ မှတပါး အခြားမတတ်နိုင်တော့ပါဘူး။ ဆရာကြီး၊ ဆရာမကြီးတို့ရဲ့ မျိုးဆက်သစ် ရင်သွေးငယ်များနဲ့ ထပ်တူထပ်မျှ ရင်နင့်ကြေကွဲဖွယ်ရာ မြင်တွေ့လိုက်ရပါတယ်။

PDF အကြမ်းဖက်သမားများက ဆရာကြီးနဲ့ ဆရာမကြီးကို သတ်ဖြတ်ပြီး နေအိမ်ရှိ တန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်သွားကြပါသေးတယ်။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေ နီပိန်း PDF အကြမ်းဖက်သမားများဟာ ပြည်သူ့ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြည်သူများကို ကာကွယ်မှုပေးနေသလား၊ ရက်စက်ယုတ်မာနေသလား ဆိုတာ အထူး ရှင်းချက်ထုတ်နေဖို့ မလိုတော့ပါဘူး။

PDF အကြမ်းဖက်များသတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့ အသက် ၇၀ ပညာရေးဝန်ထမ်း အငြိမ်းစား နှစ်ဦးဟာ မည်သည့်အဖွဲအစည်းနှင့်မျှ ပတ်သတ်ခြင်းမရှိသလို ရပ်ကွက်အတွင်းရှိ ကလေးငယ်များကို ပညာဒါနအဖြစ် စာသင်ကြားပေးနေသူများ ဖြစ်ကြောင်း သိရပါတယ်။

ဆင်ခြင်တုံတရားမရှိတဲ့ PDF အကြမ်းဖက်သမားများအတွက်တော့ စာသင်ကြားပေးနေတယ်ဆိုရင်ပဲ အစိုးရနဲ့ ပတ်သက်သူလို့ ရိုးစွပ်ပြီး သတ်ဖြတ်ခြင်းမျိုး ဖြစ်ပါတယ်။

အခုလို PDF အကြမ်းဖက်သမားများက ဆရာကြီးနဲ့ ဆရာမကြီးကို သတ်ဖြတ်လိုက်ခြင်းဟာ အပေါ်ယံအားဖြင့်တော့ ဆရာကြီးနဲ့ ဆရာမကြီး ၂ဦး သေဆုံးခြင်းလို့ မြင်နိုင်ပေမယ့် ဆရာကြီး၊ ဆရာမကြီးတို့က ပညာသင်ကြားပေးနေတဲ့ မျိုးဆက်တစ်ခုလုံးကို သတ်ဖြတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတဲ့ PDF အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ ရေစကြိုမြို့၊အမှတ် ၇ ရပ်ကွက်၊ ငါးရာပြည့်ရပ်နေ ဆရာကြီး၊ ဆရာမကြီး တို့အပါအဝင် ဆရာ/ဆရာမပေါင်း (၁၁၀)ကျော် ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များရဲ့ လက်ပါးစေ ပြည်သူ့ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်က နီပိန်း ပဒက် PDF အကြမ်းဖက်သမားများဟာ ပြည်သူများကို ကာကွယ်နေတား လူမျိုးသတ်ဖြတ်ဖို့ ကြိုးစားနေကြတလား ဆိုတာ ပြည်သူများ မြင်အောင်ကြည့်ကြပါတော့ဗျာ။

ဓာတ်ပုံများကို Telegram တွင် ဖော်ပြထားပါသည်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)