နေပြည်တော်အတွင်း (Seeder) စနစ်ဖြင့် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် ဆီထွက်သီးနှံများကြိတ်ခွဲထုတ်လုပ်မှု၊ ဖူလုံမှုအခြေအနေများအား လေ့လာသုံးသပ်ဆွေးနွေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်အတွင်း (Seeder) စနစ်ဖြင့် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် ဆီထွက်သီးနှံများကြိတ်ခွဲထုတ်လုပ်မှု၊ ဖူလုံမှုအခြေအနေများအား လေ့လာသုံးသပ်ဆွေးနွေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ





နေပြည်တော်  ၊ မေ  ၁၈


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း (seeder) စနစ်ဖြင့် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် ဆီထွက်သီးနှံများကြိတ်ခွဲထုတ်လုပ်မှု၊ ဖူလုံမှုအခြေအနေများအား လေ့လာသုံးသပ်ဆွေးနွေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအား လျာထားချက် ပြည့်မီစွာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် (Seeder) အစေ့ချစနစ်ဖြင့်  အဓိကထားစိုက်ပျိုးစေလို​ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အချက်လေးချက်သည် အဓိကအရေးကြီးသဖြင့် စနစ်တကျအသုံးချရန် လိုအပ်ကြောင်း၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးခြင်း၊ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် သီးထပ်စွမ်းအားတိုးချဲ့၍ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်ပမှစားသုံးဆီများ တင်သွင်းနေရသဖြင့် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်ဝစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် အထွက်နှုန်းပိုမိုထွက်ရှိအောင် ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက (Seeder) အစေ့ချစနစ်ဖြင့် တိုးမြှင့်စိုက်ပျိုးနိုင်ရေးနှင့် ကြဲခင်းစနစ်ပပျောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်အတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးထွက်ရှိမှုအခြေအနေများနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ မြေပဲ၊ နှမ်း၊ နေကြာများ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများနှင့် ဆီဖူလုံမှု ရှိ/မရှိ အခြေအနေများ၊ စားသုံးဆီလက်ကားရောင်းချသူများ၏ တစ်နှစ်တာအတွင်း ဖြန့်ဖြူးရောင်းချခဲ့မှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်း တင်ပြကြသည်။ 


ထို့နောက် နေပြည်တော်ကောင်စီဝင်များက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ဟိန်းသူအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)