တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID Number ဆောင်ရွက်ပေးခြင်းနှင့် ကတ်ပြားပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID Number ဆောင်ရွက်ပေးခြင်းနှင့် ကတ်ပြားပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

 


ထားဝယ် ၊   မေ  ၁၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ထားဝယ်ခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID Number ဆောင်ရွက်ပေးခြင်းနှင့် ကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပန်းခင်းစီမံချက်ကို ယာယီနေရပ်စွန့်ခွာဒေသခံတိုင်းရင်းသားများအနေဖြင့် မွေးရာပါနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရဖြစ်သော နိုင်ငံသားများအားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ကာယကံရှင် တိုင်းရင်းသားပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ဆောင်ရွက်ပေးအပ်နိုင်သည့်အတွက်လည်း ဝမ်းမြောက်မိကြောင်း၊ ပန်းခင်းစီမံချက်ကိုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ရသော်လည်း အခြားသောဆက်စပ်ဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှု၊ တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိမှသာ အောင်မြင်မှုရရှိနိုင်မှာဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူများအား မိမိအနေဖြင့် ကျေးရွာများသို့ ကိုယ်တိုင်သွားရောက်ပြီး ပျော်ရွင်စွာဖြင့်ဆောင်ရွက်ပေးခြင်းသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားရောက်နိုင်ခဲ့သည့်အတွက် များစွာ စိတ်မကောင်းဖြစ်မိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်လျက်ရှိသော်လည်း ယခုအခါတွင် များစွာဆုံးရှုံးခဲ့ရကြောင်း၊ တိုင်းရင်းသားပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အလေးထား လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က ယာယီနေရပ်စွန့်ခွာဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းများပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက တိုင်းရင်းသားများ၏ကိုယ်ရေးအချက်အလက်များဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ သွေးအုပ်စု၊ အမြဲကိုင်ဆောင်သော ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာတို့ကို စီစစ်ထည့်သွင်းခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက်များဖြစ်သော လက်ဗွေရာ၊ မျက်လုံးနှင့် မျက်နာအနေအထားတို့ကို ခေတ်မီနည်းစနစ်များဖြင့် စိစစ်ကောက်ယူဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)