ပေါင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ခြင်း အခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ခြင်း အခမ်းအနား ပြုလုပ်









ပေါင်၊ မေ ၂၇

ပေါင်မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA  က (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို မေလ ၂၆ ရက်နေ့ မနက်ပိုင်းက ပေါင်မြို့ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဌ ဦးကြည်သိန်း နှင့် ပြည်နယ် အမှုဆောင်အဖွဲ့များ ပေါင်မြို့ စံမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နှင့် အဖွဲ့ဝင်များ  ဌာနဆိုင်ရာများ၊ ပေါင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ တာဝန်ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။

(၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် ပေါင်မြို့နယ်အနေဖြင့် ပထမအကြိမ် ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အငယ်တန်း ဖြေဆိုမှု၌ ပြည်နယ်အဆင့် ပထမဆုရ ကျောင်းသူ မဆူးခက်ဆွေ နှင့် မြို့နယ်အဆင့် (ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ၊)နှင့် ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း- YMBA တာဝန်ရှိသူများမှ သင်တန်းအတွက် သင်ကြားရေး စာအုပ်များ လှူဒါန်းထောက်ပံ့ပေးခဲ့သည်။

မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း- YMBA ယဉ်ကျေးလိမ္မာ (၃၈)ဖြာမင်္ဂလာ နည်းပြချုပ်များ 

ဆုရရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများမှ (၃၈)ဖြာမင်္ဂလာတေးကဗျာသီချင်းကို ဂုဏ်ပြုသီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 


ကပ္ပိယ တာတေ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)