သံတွဲမြို့အနီး တိုက်ပွဲများတွင် AA အကြမ်းဖက်သမား ၂၅ လောင်း ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့အနီး တိုက်ပွဲများတွင် AA အကြမ်းဖက်သမား ၂၅ လောင်း ရရှိ


သံတွဲ၊ ဇွန် ၂၅

ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်အဖွဲ့က တိုက်ပွဲများ ဖော်ဆောင်လျှက်ရှိရာ ယမန်နေ့ (၂၄/၆/၂၀၂၄) ရက်နေ့ သံတွဲမြို့အနီး ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် AA အကြမ်းဖက်သမား ၂၅လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

သံတွဲမြို့၊ နယ်မြေခံတပ်ရင်းအနီး AA အကြမ်းဖက်အဖွဲ့ဝင်များရောက်ရှိနေကြောင်း သတင်းအရ တပ်စစ်ကြောင်းမှသွားရောက်ရှင်းလင်းရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူများ ပြန်လည် ဆုတ်ပြေးသွားကြောင်း၊ ဂေါ့ရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ သံတွဲလေဆိပ် နားနေဆောင်အား RPG ဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နယ်မြေခံ တပ်ရင်းရှိ ကာကင်းနေရာများအား လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ရာ ရန်သူများပြန်လည် ဆုတ်ခွာထွက်ပြေးသွားပြီး တပ်စစ်ကြောင်းများမှ အခိုင်အမာနေရာ၊ ကာကင်းကုန်းများအား ပြန်လည်ရယူထားကြောင်း၊ ဆုတ်ခွာထွက်ပြေးသည့် AA အကြမ်းဖက်အဖွဲ့ထံမှ အလောင်း ၁၀ လောင်း၊ လက်နက် ၄ လက် သိမ်းဆည်းရမိခဲ့သည်။

အလားတူ သံတွဲမြို့ အနောက်ဘက် စပါးကြီးဘုရားကုန်းနေရာသို့ AA အကြမ်းဖက်အဖွဲ့ အင်အား ၁၀၀ ဦးခန့်က ၁ ကြိမ်၊ အင်အား ၁၅၀ ဦးခန့်က ၁ ကြိမ်၊ ရန်သူအင်အား ၅၀ ဦးခန့်က ၁ ကြိမ် ပေါင်း ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ပြီး AA အကြမ်းဖက်သမားများ မြောက်ဘက်သို့ သေဆုံးအလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများအား ဆွဲယူကာ ဆုတ်ခွာသွားခဲ့သဖြင့် ၎င်းတို့ မဆွဲယူနိုင်ဘဲ ကျန်ရစ်ခဲ့သည့် အလောင်းများအား သိမ်းဆည်းရမိခဲ့ရာ AA အကြမ်းဖက်သမား ၁၅ လောင်း ရရှိခဲ့သည်။

မောင်တောမြို့နယ်တွင်လည်း ယမန်နေ့ (ဇွန် ၂၄ ရက်၊ နံနက်ပိုင်း ၂ နာရီ)ခန့်မှ နံနက် ၄ နာရီအချိန်ခန့်ထိ အော်ရီဒူလာရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား AA အကြမ်းဖက်အဖွဲ့မှ လာ ရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ AA အကြမ်းဖက်အဖွဲမှ နခခ ၂ ဌာနချုပ်နှင့် အခြားနေရာ ၃ ခုအား Drop Bomb ဖြင့် လာရောက် တိုက်ခိုက်ခဲ့သောကြောင့် ဒရုန်းတက်သည့်နေရာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင့် သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)