TNLA အကြမ်းဖက်အဖွဲ့က လားရှိး-သီပေါ ကြား တံတားဖြူကို မိုင်းခွဲဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

TNLA အကြမ်းဖက်အဖွဲ့က လားရှိး-သီပေါ ကြား တံတားဖြူကို မိုင်းခွဲဖျက်ဆီး


နောင်ချို၊ ဇွန် ၂၅

ရှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲနှင့် နောင်ချိုမြို့နယ်များတွင် ယနေ့နံနက်ပိုင်းမှစ၍ တပ်မတော်စစ်ကြောင်းနှင့် TNLA အကြမ်းဖက်အဖွဲ့ က လားရှိုး - သီပေါ ကြား တံတားဖြူကို မိုင်းခွဲဖျက်ဆီးသွားခဲ့ပြီး ပြည်ထောင်စုလမ်းမကြီးပိတ်၊ ကျင်သီတံတားပိတ်သွားပြီး ခရီးသည်နှင့်ကားများ လမ်းတွင်ပိတ်မိနေကြောင်း သိရသည်။

ယနေ့ နံနက် ဖြစ်ပေါ်လျှက်ရှိသည့် တိုက်ပွဲများနှင့် ပတ်သက်၍ TNLA အကြမ်းဖက်အဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပြီး နောင်ချိုမြိုနယ် ကျောက်ကြမ်းရွာတွင် တပ်မတော်နှင့် TNLA တို့ ယနေ့ နံနက် (၅း၃၀) နာရီအချိန်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း၊ တပ်မတော်မှ Jet Fighter ဖြင့် ဗုံး (၄)လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA အကြမ်းဖက်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကျောက်မဲမြို့နယ်၊ ငြိမ်းချမ်းရေးကုန်းတွင် တပ်မတော်နှင့် TNLA တို့ ယနေ့ နံနက် (၅း၃၀) နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မိုးကုတ်မြိုနယ် ပန်းဆပေရွာဘက်တွင် တပ်မတော်နှင့်  TNLA တို့ ယနေ့ နံနက် (၉း၄၁) နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အရပ်ဘက် သတင်းများအရ TNLA အကြမ်းဖက်အဖွဲ့က လားရှိး-သီပေါ ကြား၊ ဆွတ်လန်းရွာအနီး (ရ ၃၀)အချိန် ဝန်းကျင်က တံတားဖြူ ကို မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း၊ ကျောက်မဲမြို့ စခန်းသာအနီးဝန်းကျင်ထိတွေ့မှုဖြစ်ပေါ်နေဆဲဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးပိတ်၊ ကျင်သီတံတားပိတ်သွားပြီး ခရီးသည်နှင့်ကားများ လမ်းတွင်ပိတ်မိနေကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)