သံဃာတော်အပါး (၁၄၀)ကျော် သတ်ဖြတ်ခဲ့တဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်ကို ဘယ်သူတာဝန်ယူမှာလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဃာတော်အပါး (၁၄၀)ကျော် သတ်ဖြတ်ခဲ့တဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်ကို ဘယ်သူတာဝန်ယူမှာလဲ

 


ဒီရက်ပိုင်းအတွင်း ပြည်ဖျက်မီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင် လှုံ့ဆော်နေတာက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံလွန်တော်မူရတဲ့ ဖြစ်ဉ်ကို အကြောင်းပြုပြီး ဆူပူဆန္ဒပြမှုတွေ တကျော့ပြန်ဖြစ်ပေါ်လာဖို့ လှုံ့ဆော်နေတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ 

ဆင်ခြင်တုံတရားရှိတဲ့ ရဟန်းရှင်လူ ပြည်သူများကတော့ ဖြစ်စဉ်ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ရတဲ့ အခြေအနေကို မှန်ကန်စွာ တွက်ဆနိုင်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ NLD ပါတီကနေ ပေါ်ပေါက်လာတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေ ရဲ့ ရက်စက်ယုတ်မာမှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော် အပါး(၁၄၀)ကျော်အတွက် NUG, PDF က တောင်းပန်ခဲ့တာမျိုး မရှိသလို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ကြောင်း အကြမ်းဖက်သမားများကိုယ်တိုင်က အရှက်တရားကင်းမဲ့စွာ ပြောဆိုနေတာတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

၂၀၂၄ခုနှစ်၊ ဇွန်လ (၁၉) ရက်ကနေ့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး လိုက်ပါစီနင်းလာတဲ့ကားကို  လုံခြုံရေးအဖွဲ့တွေက မှားယွင်းပစ်ခတ်မိလို့ ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တောင်းပန်လျှောက်ထားလွှာပို့ပြီး ပြည်ထောင်စုဝန်ကြီးက ဖတ်ကြားတောင်းပန်ခဲ့ပါတယ်။ အခုချိန်မှာ နိုင်ငံရေးကိုအကြောင်းပြပြီး NUG ရဲ့ လက်ပါးစေတွေဖြစ်တဲ့ PDF တွေ သတ်ဖြတ်ခဲ့လို့ သံဃာတော် ၉၂ ပါး၊ သီလရှင် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး၊ သံဃာ ၂၇ ပါး၊ သီလရှင် ၁ ပါး ဒဏ်ရာရရှိခဲ့တဲ့အပြင် အကြမ်းဖက် PDF တွေဖမ်းဆီးလို့ ပျောက်ဆုံးနေတဲ့ သံဃာ ၄၂ ပါးထိ ရှိပြီဖြစ်ပါတယ်။ 

PDF အမည်ခံ အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ ပျံလွန်တော်မူခဲ့တဲ့ သံဃာတွေ၊ သီလရှင်တွေအတွက် ဘယ်သူမှတောင်းပန်တာမရှိဘူး။ ၉၂ ပါးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တုန်းက ဘာအသံမှမထွက်ဘဲ အခုမှအသံကောင်းဟစ်နေတဲ့သူတွေ ပြောကြစမ်းပါအုံး။ PDF အကြမ်းဖက်သမားတွေရဲ့ ကိုယ်စား ဘယ်သူတောင်းပန်မှာလဲဆိုတာ သိချင်သေးတယ်။

ချိန်ကိုက်ဆိုသလိုပဲ နိုင်ငံရေးလုပ်စားသူများနဲ့အတူတကွ ပြည်တွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အကြမ်းဖက်လှုံ့ဆော်မှုတွေ အစဉ်တစိုက်လုပ်ခဲ့ကြတဲ့ သံဃာတွေက သီတဂူဆရာတော်ကြီးကိုပါ ပစ်မှတ်ထား စော်ကားပြီး ဆန္ဒပြဖို့၊ သပိတ်မှောက်ဖို့ အသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်လာတာ ရိုးသားတဲ့ ရပ်တည်ချက်လား။ လုပ်ကြံဖန်တီးလှုံ့ဆော်နေမှုတွေလား လှုံ့ဆော်သူတွေ ကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ။ ဆိုရပါရင် PDF အကြမ်းဖက်သမားများက သံဃာတော်များကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်များမှာ အခု ဆန္ဒပြ၊ သပိတ်မှောက်ဖို့ လှုံ့ဆော်နေတဲ့ သံဃာတွေ၊ နိုင်ငံရေးလုပ်စားသူတွေက အလိုတူ အလိုပါ လုပ်ခဲ့ကြလို့ ရေငုံနှုတ်ပိတ် နေခဲ့ကြတလား။ 

PDF အကြမ်းဖက်သမားများသတ်ဖြတ်ခဲ့၍ ပျံလွန်တော်မူခဲ့သည့် သံဃာတော်များစာရင်း (၄)နှစ်တာ ကာလ ဖြစ်စဉ်ဖြစ်ရပ် မှတ်တမ်းများနဲ့တကွ ရှိနေပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အပါအဝင် သူတို့ကို အကြမ်းဖက်သင်တန်းပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် ၂၀၂၁ ခုနှစ် မှာ - ၁၉ ပါး၊ ၂၀၂၂ ခုနှစ်မှာ - ၄၄ ပါး၊ ၂၀၂၃ ခုနှစ်မှာ - ၂၁ ပါး၊ ၂၀၂၄ ခုနှစ်မှာ - ၉ ပါး၊ စုစုပေါင်း - ၉၃ ပါး ပျံလွန်တော်မူခဲ့ရပြီး PDF အကြမ်းဖက်အဖွဲ့များ ဖမ်းဆီးခေါ်ဆောင်သွား၍ ပျောက်ဆုံးနေသည့် သံဃာတော်များစာရင်းမှာ -

၂၀၂၁ ခုနှစ် မှာ - ၂ ပါး၊ ၂၀၂၂ ခုနှစ်မှာ - ၁၈ ပါး၊ ၂၀၂၃ ခုနှစ်မှာ - ၂၂ ပါး၊ ၂၀၂၄ ခုနှစ်မှာ - ၃ ပါး၊ စုစုပေါင်း - ၄၅ ပါး ဖြစ်ပါတယ်။ PDF အကြမ်းဖက်အဖွဲ့များ သတ်ဖြတ်ခဲ့၍ သေဆုံးခဲ့သည့် သီလရှင်များစာရင်း ၂၀၂၂ ခုနှစ်မှာ - ၁ ပါး (သီလရှင် ဒဏ်ရာရ -၁ ပါး)၊ သေဆုံးပျောက်ဆုံးဒဏ်ရာရ စုစုပေါင်း (၁၄၀) ပါး ရှိပါတယ်။

တိုင်းပြည်တွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများအပေါ် အခြေခံပြီး ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်လည်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့များဟာ ဆရာတော် သံဃာတော်များ အသုံးပြုတဲ့ သာသနာယာဉ်နံပါတ်ပြားများ တပ်ဆင်ထားတဲ့ မော်တော်ယာဉ်များကို အသုံးပြုပြီး လက်နက်ခဲယမ်း ပို့ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြတာတွေကလည်း မျက်မြင်ထင်ရှား ဖြစ်ရပ်တွေပါပဲ။ အစိုးရတစ်ရပ် အနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးမှာ မလိုလားအပ်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နေရင်းက အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်နေတဲ့ ဒေသမှာ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်အတွက် သံဃာတော်များ လိုလားတောင်းဆိုသည့်အတိုင်း စုံစမ်းစစ်ဆေး၊ ဖော်ထုတ်အရေးယူပေးဖို့ အလေးထား ဆောင်ရွက်နေတာကို တွေ့မြင်ရပါတယ်။

ဆရာတော်ကြီးရဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး နည်းမျိုးစုံနဲ့ လှုံ့ဆော်နေကြတဲ့ ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူများ၊ ပြည်ဖျက်မီဒီယာများ၊ ပြည်ဖျက်မိစ္ဆာများနဲ့ အလိုတူအလိုပါ ပုဂ္ဂိုလ်များ အားလုံး ဒီဖြစ်စဉ်ဖြစ်ကို အကြောင်းပြုပြီး ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်လာဖို့ မလှုံ့ဆော်မီ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များရဲ့ ရက်စက်ယုတ်မာမှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်များအတွက် ဦးစွာ သံဃာ့အဖွဲ့အစည်းကို ဝန်ချတောင်းပန်ပြီးမှသာ ဆူပူအကြမ်းဖက်မှုတွေ ထပ်ဆင့် လှုံ့ဆော်ကြဖို့ အကြံပြုတိုက်တွန်းပါရစေ။

စာရေးသူအနေနဲ့ PDF အကြမ်းဖက်အဖွဲ့များရဲ့ ရက်စက်ယုတ်မာမှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်များအတွက် ဘယ်သူတာဝန်ယူမှာလဲလို့ မေးခွန်းထုတ်ခြင်းက ဆရာတော်ကြီးဖြစ်စဉ်ကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ လှုံ့ဆော်မှုတွေ လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်များ သတိချပ်မိစေဖို့ ဖြစ်ပါတယ်။ PDF အကြမ်းဖက်အဖွဲ့များရဲ့ ရက်စက်ယုတ်မာလွန်းသော လုပ်ရပ်များအတွက် CRPH ကလည်း တာဝန်မခံသလို NUG ကလည်း တာဝန်မခံပါဘူး။ အားလုံးဟာ ကျည်လွတ်မြေကို ထွက်ပြေးတိမ်းရှောင်ပြီး ကိုယ့်မိသားစုဘဝ ကောင်းစားရေးကို တည်ဆောက်နေကြပြီး မြန်မာပြည်ထဲမှာ ရှိနေတဲ့ ပြည်သူတွေကိုတော့ ဒုက္ခပယ်လယ်ဝေအောင် ဖန်တီးလုပ်ဆောင်နေကြခြင်း ဖြစ်ပါတယ်။ ယုတ်မာကောက်ကျစ် အောက်တန်းကျလွန်းသူတို့ရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေပဲ ဖြစ်ပါတယ်။

စာရေးသူအနေနဲ့ နိုင်ငံတော်အကြီးအကဲများကို တပါတည်းတောင်းဆိုချင်တာက PDF အကြမ်းဖက်အဖွဲ့များရဲ့ သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်များ၊ ရှမ်းပြည် (မြောက်ပိုင်း)မှာ MNDAA, TNLA အကြမ်းဖက်အဖွဲ့များက ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ဖျက်ဆီးခြင်း၊ ဌာပနာဖောက်ယူခြင်းများ လုပ်ဆောင်လာတဲ့အချိန်ကတည်းကိုက ရဟန်းရှင်လူပြည်သူများက အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား လုပ်ဆောင်ဖို့၊ သံဃာတော်များက လိုအပ်ရင် လူထွက်ပြီး ရိက္ခာသယ်ပေးရမလား၊ ကျည်ဆံပုံးထမ်းပေးရမလား ဆိုသည်အထိ မိန့်ကြားခဲ့တဲ့ မှတ်တမ်းမျာကို ပြန်လည်လေ့လာကြည့်ပါ။ ရဟန်းရှင်လူပြည်သူများရဲ့ တောင်းဆိုမှုတွေကို အလေးထားပြီး အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား လုပ်ဆောင်မယ်ဆိုရင် ယခုကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးတွေ နောက်နောက် ကင်းပသွားပါလိမ့်မယ်။ အကြမ်းဖက်နှိမ်နင်းရေးကို ရဟန်းရှင်လူ ပြည်သူများ တောင်းဆိုထားသည့်အတိုင်း အလေးထားပါ၊ ထိရောက်တဲ့ နည်းဗျူးဟာများနဲ့ နှိမ်နင်းဆောင်ရွက်ပေးပါလို့ ရဟန်းရှင်လူပြည်သူများရဲ့ ကိုယ်စား တောင်းဆိုချင်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)