ဒဂုံမြို့သစ်ခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ လူထုအသိပညာပေး Bill Board စိုက်ထူခြင်း အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်ခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ လူထုအသိပညာပေး Bill Board စိုက်ထူခြင်း အခမ်းအနား ကျင်းပ



ဒဂုံတောင်၊ ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့  လူထုအသိပညာပေး Bill Board စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စုလမ်းရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရှေ့တွင်  ကျင်းပပြုလုပ်သည်။

ဦးစွာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး Bill Board ကို  ဒဂုံမြို့သစ်ခရိုင်၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဦး၊ အဖွဲ့ဝင်(၂) ဒေါက်တာရွှေပြည်စိုး၊ ဒဂုံမြို့သစ်ခရိုင် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးဝင်နှင့် ဒဂုံမြို့သစ်ခရိုင် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုကျော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး Bill Board ကို ဒဂုံမြို့သစ် ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့် က‌လေး‌စောင့်‌ရှောက်ရေးအသင်းအဖွဲ့ဝင်များက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဖိတ်ကြားထားသူများအား သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ တီရှပ်အင်္ကျီများ၊ ဦးထုပ်များကို တာဝန်ရှိသူများက ဖြန့်ဝေဆောင်ရွက်ပေးကြောင်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၀) ဈေးရှေ့တွင်လည်း မြို့နယ်အဆင့် ၂၀၂၄ ခုနှစ်   လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ လူထုအသိပညာပေး Bill Board စိုက်ထူခြင်း အခမ်းအနားနှင့် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ တီရှပ်အင်္ကျီများ၊ ဦးထုပ်များ ဖြန့်ဝေခြင်း ဆောင်ရွက်ပေးကြကြောင်း သတင်းရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)