မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့


မြစ်ကြီးနား၊ ဇွန် ၁၈

ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက မြစ်ကြီးနားမြို့နယ်အတွင်း ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများအား အားပေးအမှာစကားပြောကြားပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အဦများ၊ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မိဘမဲ့ဂေဟာများစသည့်နေရာများတွင် ယာယီတိမ်းရှောင်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု(၆၉၉)စုတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ငွေကျပ်(၅၂၄၂၅၀၀၀)တန်ဖိုးရှိ ဆန်(၂၄)ပြည်ပါ ဆန်အိတ်ပေါင်း(၆၉၉)အိတ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့က ငွေကျပ်(၁၁၅၃၃၅၀၀)တန်ဖိုးရှိ ခေါက်ဆွဲခြောက်(၆၉၉)ဖာတို့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်များမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၅၇၅၀၀၀၀)ကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အိမ်ထောင်စုများကိုယ်စားပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး မိသားစုများက ယာယီခိုလှုံနေထိုင်ရာစခန်းများအတွင်း လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်ကအိမ်ထောင်စုများအတွက် ရေတွင်း/ရေကန်နှင့် ရေအိမ်သာလိုအပ်ချက်များ သက်ဆိုင်ရာဌာနများအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)