မြင်းခြံမြို့နယ်၊ ဆခမကျေးရွာမှ ခန်းနေဆရာတော် ဦးဥတ္တမအား မြင်းခြံ Black Tiger PDF အမည်ခံ အကြမ်းဖက်ခေါင်းဆောင် မိုက်မိုက်ခဲ ဦးဆောင်သည့်အဖွဲ့က ပစ်ခတ်သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြင်းခြံမြို့နယ်၊ ဆခမကျေးရွာမှ ခန်းနေဆရာတော် ဦးဥတ္တမအား မြင်းခြံ Black Tiger PDF အမည်ခံ အကြမ်းဖက်ခေါင်းဆောင် မိုက်မိုက်ခဲ ဦးဆောင်သည့်အဖွဲ့က ပစ်ခတ်သတ်ဖြတ်





မြင်းခြံ၊ ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆခမကျေးရွာမှ ခန်းနေဆရာတော် ဦးဥတ္တမအား မြင်းခြံ Black Tiger PDF အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ငြိမ်းရာဇာ (ခ) မိုက်မိုက်ခဲ ဦးဆောင်သော အကြမ်းဖက်သမားများက ယမန်နေ့ည (၉ ၂၀)နာရီခန့်က ပစ်ခတ် တိုက်ခိုက် သဖြင့် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ "ဆရာတော် ဦးဥတ္တမ က ဆမခရွာကျောင်းက ခန်းနေဆရာတော်ပါ။ သက်တော် (၅၀) ဝါတော် (၁၂)ဝါ ရှိပါပြီ။ မြင်းခြံမြို့ပေါ်ကို ကျေးရွာက ပုညကာရီလူနာတင်ကားနဲ့ လူနာလိုက်ပို့ပြီးအပြန် ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။ ပစ်ခတ်ခံရတာကတော့ အချက်ရေ များတယ်။ ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူရတာက ခေါင်းကို ထိမှန်ပြီး ပျံလွန်တာမူရတာဖြစ်ပါတယ်။ ဆရာတော်နဲ့အတူ ဒကာ ဦးအောင်မျိုးသောင်း ပါတယ်။ ဒကာ က ခြေသလုံးနဲ့ နားနောက်ထိမှန် (မစိုးရိမ်ရ)။ ဆေးရုံတင်ထားပါတယ်။" ဟု ဒေသခံက ပြောသည်။

ပစ်ခတ်သံကြားရပြီး ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များက အချင်းဖြစ်နေရာကို စုံစမ်းရောက်ရှိသွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများက မိုင်းထောင်ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အတွင်း ပျံလွန်တော်မူခဲ့ရသည့် ဆခမရွာကျောင်းတိုက် ခန်းနေဆရာတော် ဦးဥတ္တမ ၏ ဇာတိမှာ ကွမ်းစိုက်ရွာဖြစ်ပြီး Black Tiger PDF အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ငြိမ်းရာဇာ (ခ) မိုက်မိုက်ခဲ ဆိုသူသည်လည်း ကွမ်းစိုက်ရွာသားဖြစ်ကြောင်း သိရသည်။

မြင်းခြံမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများတွင် Black Tiger အဖွဲ့ပါဝင်ပြီး ဆုံရွာမှ အပြစ်မဲ့ ရွာသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်အဖွဲ့မှ ဆရာတော် ဦးဥတ္တမ လိုက်ပါလာသော လူနာတင်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)