ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေငြာချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေငြာချက်

 




ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍

 မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေငြာချက်


ရက်စွဲ ။  ။ ၁၃၈၆ခု၊ နယုန်လဆုတ် (၅)ရက်

၂၀၂၄ခုနှစ်၊ ဇွန်လ (၂၆)ရက်

စာအမှတ် ။  ။ ၇/မ.မ.ရ.သ/၂၀၂၄ ရန်ကုန်

၁။ ဝင်းနိမ္မိတာရုံဆရာတော်နှင့် ကံသုံးဆင့်ဆရာတော်နှစ်ပါး စီးလာသည့် ကား ပစ်ခတ်ခံရခြင်းမှာ ကားဒရိုင်ဘာ၏ မဆင်မချင်မောင်းမှု၊ စစ်ဆင်ရေးနယ်မြေတွင်း ဖြစ်မှု၊ တားဆီးပါလျက် ကားကို မောင်းပြေး မှု၊  မောင်နှင်သွားသောမော်တော်ယာဉ်သည် အိမ်စီးကားဖြစ်မှု၊  ကားမှန်မချပဲ မှန်အလုံပိတ် မောင်းပြေး သွားမှုတို့ကြောင့် ဖြစ်သည်။  


၂။ အကြမ်းဖက် PDF တို့သည် လုံခြုံရေးအဖွဲ့နှင့် တွေ့လျှင် မှန်ပိတ်၍ မောင်းပြေးကြလေသည်။ ဆရာ တော်နှစ်ပါး စီးလာသည့် ကားသည်လည်း ရပ်ခိုင်းပါလျက် ကားသမားက မရပ်ဘဲ မောင်းပြေးသောကြောင့်  နယ်မြေလုံခြုံရေးဆောင်ရွက်နေသော အဖွဲ့မှ PDF ထင်သွားခြင်း ဖြစ်သည်။ ယင်းအထင်ကြောင့် ကားကို သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ပစ်ခတ်ခဲ့သဖြင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ပေသည်။ မိမိတို့အဖွဲ့အနေဖြင့် စိတ်မကောင်း ဖြစ်ရပါသည်။


၃။ မြို့သာမြို့အနီးရှိ နယ်မြေလုံခြုံရေးအဖွဲ့မှ အထင်မှား၍ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသော ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တောင်းပန် ကန်တော့ခဲ့ပါသည်။ ယင်းသို့ တောင်းပန် ကန်တော့ခြင်းသည် သူတော်သူမြတ်တို့၏ ကျင့်စဉ် ဖြစ်ပါသည်။


၄။  NLDပါတီမှ ပေါက်ဖွားလာသော NUG, PDF ပြည်ဖျက် အကြမ်းဖက် အုပ်စုသည် သံဃာတော်များ အပါး ( ၉၀)ကျော်အား သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ တချို့သံဃာများဆိုရင် ဆွမ်စားနေစဉ် ပစ်ခက်သတ်ဖြတ် ခံရခြင်း ဖြစ်သည်။ PDF သည် သံဃားအပါး (၉၀)ကျော်ကို သတ်ဖြတ်သောကြောင့် NUG အနေဖြင့် သံဃာထုကို တောင်းပန်ရမည် ဖြစ်သည်။ 


၅။ ပြည်ပြေး ရဟန်းအချို့သည် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရကို ပတ္တနိက္ကုဇ္ဇနကံ - သပိတ်မှောက်ခြင်းကို ဆောင်ရွက်မည်ဟု ကြားသိရပါသည်။  ဝင်းနိမ္မိတာရုံဆရာတော် အား ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ခြင်း ဖြစ်သည်။ အကယ်၍ ပြည်ပြေး သံဃာများအနေဖြင့် သပိတ် မှောက်လိုပါက သံဃာအပါး ၉၀ ကျော်ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့သော NUG , PDF အဖွဲ့ ကိုသာ သပိတ်မှောက်သင့်ပါကြောင်း အကြံပြုလိုပါသည်။ 


၆။ ဧရာဝတီ၊ ခေတ်သစ်ကဲ့သို့ သစ္စာဖောက် မီဒီယာများ၊  NUG, CRPH, PDF အဖွဲ့များသည် တော်လှန်ရေး စကားလုံးကို သုံး၍ လူငယ်များကို လက်နက်ပေးပြီး အကြမ်းဖက်သမား ဖြစ်အောင် တွန်းပို့နေကြသည်။  NUG, CRPHနှင့် PDF အဖွဲ့များသည် တိုင်းပြည်ကို စစ်တလင်းပြင် ဖြစ်အောင် ဖန်တီးခဲ့ကြသောကြောင့် မင်းသားခေါင်း စွပ်ထားသော ဘီလူးများပင် ဖြစ်သည်။ 


၇။ အကြမ်းဖက် NUG, CRPHနှင့် PDF အဖွဲ့များကိုလည်းကောင်း၊ တိုင်းပြည်ကို အဆိပ်ခတ်နေသော မီဒီ ယာများကိုလည်းကောင်း၊  မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုံ့ချ ကြောင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူများနှင့်အတူ မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်မလာစေရန် လိုအပ်ချက် မှန်သမျ စွမ်းနိုင်သမျ ဖြည့်ဆည်းကူညီကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားကြေငြာချက် ထုတ်ပြန်လိုက်သည်။ 


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)