နိုင်ငံပုံရိပ်ကို နီပိန်းတွေ ဖျက်ဆီးလိုက်ကြပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံပုံရိပ်ကို နီပိန်းတွေ ဖျက်ဆီးလိုက်ကြပြီ






ယနေ့တိုင်းပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတယ်။ ဘယ်သူတွေက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာလဲလို့ အထူးမေးဖို့ မလိုပါဘူး။ မဲလိမ်မဲခိုးပြီး အာဏာရဖို့ ကြိုးစားရင်းက လမ်းဘေးရောက်ခဲ့ရတဲ့ NLD ပါတီ ဦးဆောင်သူတွေကပဲ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေ ကျူးလွန်ပြီး သွေးရူးသွေးတန်းနဲ့ တော်လှန်ရေးပါလို့ ဘယ်လိုပင် အသံကောင်းဟစ်နေစေကာမူ ပြည်ပြေး ဝရမ်းပြေး (ပြည်ပနိုင်ငံသားခံယူထားသူ)တွေ နဲ့ ဖွဲ့စည်းထားတဲ့ CRPH, NUG ရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ပေါင်းများစွာ KIA, KNU, KNLA, KNPP, KNDF, BPLA အစရှိသော အကြမ်းဖက်အဖွဲ့များရဲ့ သတ်ဖြတ်မှုကြောင့် ရဟန်းသံဃာတော်များ၊ ဆရာ/ဆရာမများ အပါအဝင် အသတ်ခံခဲ့ရတဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၈၆၀၀ ကျော် အထိ မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။

PDF အမည်ခံ အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးဖို့လို့ ခေါင်းစဉ်တပ်ပြီး ပြည်ပြေး ဝရမ်းပြေးတွေက ကမ္ဘာအရပ်ရပ်ကနေ အလှူခံတယ်။ PDF အမည်ခံ အကြမ်းဖက်သမားတွေထံ လက်နက်၊ ခဲယမ်း ထောက်ပံ့ပေးတာလည်း ရှိသလို PDF ကို အကြောင်းပြု အလှူငွေကောက်ခံပြီး ပြည်ပမှာ NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေနဲ့ လော်ဘီတွေက အိမ်တွေဝယ်၊ ခြံတွေဝယ် လုပ်နေတာတွေကလည်း အထွေအထူး ပြောဖို့ မလိုတော့ပါဘူး။ ပြည်ပြေး ဝရမ်းပြေးများ အချင်းချင်း ဖော်ထုတ်ပြောဆိုနေတာကို အများပြည်သူ ကြားသိ တွေ့မြင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

(၁၁-၆-၂၀၂၄) ရက်နေ့က ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တစ်ခုကတော့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးရောက်ရှိနေတဲ့ နီပိန်း ထောက်ပို့တွေရဲ့ ခွက်ခေါက်ရုံးကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ပြီး ရုံးခန်းလုပ်ထားတာကို ဖျက်သိမ်းခဲ့တာကို တွေ့မြင်ရပါတယ်။ ရုပ်သံဖိုင်တစ်ခုမှာတော့ နီပိန်းမ တစ်ယောက်က စွာကျယ် စွာကျယ် ပြောဆိုနေပြီး အနေအထိုင်မတတ်တဲ့ နီပိန်းတစ်ကောင်ကို ထိုင်းသူကြီး က ဖြတ်ကန်လိုက်တာကိုလည်း တွေ့ရပါတယ်။ ထောက်ပို့ အမည်ခံ နီပိန်း ခွက်ခေါက်တွေရဲ့ ရုံးခန်းမှာ ကပ်ထားတဲ့ ပိုစတာတွေလည်း စုံလို့ပါပဲ။ 

ဒီနေရာမှာ နီပိန်းတွေ ကမ္ဘာပတ်ပြီး ခွက်ခေါက်နေတာကို အထူးအဆန်းလုပ်ပြီး ပြောဆိုလိုခြင်း မဟုတ်ပါဘူး။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ သဘောသဘာဝကို သိရှိနားလည်ထားပြီး ဖြစ်ပါတယ်။ ခေါင်းစဉ်အမျိုးမျိုးနဲ့ ခွက်ခေါက်လို့ ရနေသမျှ ခွက်ခေါက်နေကြမှာပဲ ဖြစ်ပါတယ်။ အမေရိကန်ရောက်နေတဲ့ ပြည်ပြေး ဝရမ်းပြေးတွေလည်း ခွက်ခေါက်တယ်။ ထိုင်း၊ စင်ကာပူရောက်နေတဲ့ နီပိန်းတွေလည်း ထောက်ပို့အမည်ခံပြီး ခွက်ခေါက်တယ်။ ဒါက သူတို့ရဲ့ စီးပွားရေးလို ဖြစ်နေတဲ့အတွက် နီပိန်းတွေ ခွက်ခေါက်တာတော့ မထူးဆန်းဘူး။

ဆင်ခြင်တုံတရားမရှိတဲ့ ခွက်ခေါက်နီပိန်းတွေရဲ့ လုပ်ရပ်ကြောင့် နိုင်ငံပုံရိပ် ထိခိုက်ရတာကိုတော့ အလေးထား ပြောချင်ပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်ထဲမှာ နီပိန်း ထောက်ပို့တွေရဲ့ ရုံးခန်းထဲမှာ ဆောင်ပုဒ်ပိုစတာမျိုးစုံကို တွေ့ရသလို ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဓာတ်ပုံတွေလည်း ချိတ်ဆွဲထားတာကို တွေ့မြင်ရပါတယ်။ အဲဒီမှာ ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ရှင်းလင်းတဲ့အခါကြတော့ အကုန်လုံးဖြုတ်သိမ်းသွားတာကို မြင်တွေ့ကြမှာပါ။

နီပိန်းတွေ ဗိုလ်ချုပ်ကို အစဉ်သဖြင့် အသုံးချခဲ့ကြတယ်။ သူတို့ပါတီ အနိုင်ရဖို့အတွက်လည်း ဗိုလ်ချုပ်ပုံရိပ်ကို အသုံးပြုခဲ့ကြသလို အာဏာရစဉ်မှာလည်း ဗိုလ်ချုပ်ကြေးရုပ် ခေါင်းစဉ်တပ်ပြီး အလှူခံ၊ ရုပ်ပျက်ဆင်းပျက် ဗိုလ်ချုပ်ကြေးရုပ်တွေ လုပ်ခဲ့ကြတယ်။ ဗိုလ်ချုပ်ပုံရိပ်ကို အသုံးချပြီး လုပ်စားရတာကို အခုထိ အားမရနိုင်ကြသေးဘူး။ ပြည်ပထွက်ပြေး ခွက်ခေါက်ပြီး ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်သည်အထိ ဗိုလ်ချုပ်ပုံရိပ်ကို အသုံးချပြီး လုပ်စားနေကြတာတော့ တရားလွန် တရားမဲ့ ဖြစ်သွားပြီလို့ ပြောချင်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားတဲ့ နီပိန်းတွေနဲ့ ပြည်ဖျက်မီဒီယာတွေဟာ သူတို့စောက်ခွက်တွေကို ဘယ်ပြည်သူမှ မလေးစားဘူးဆိုတာ သိတယ်။ အဲဒီတော့ အများပြည်သူ လေးစားတန်ကောင်းရဲ့ ဆိုတဲ့ ဗိုလ်ချုပ်၊ ဒေါ်စုတို့ရဲ့ ပုံရိပ်တွေမှ မပါရင် သူတို့လိုလားချက် မပြည့်ဝနိုင်ဘူး။ အဲဒီလို သိရှိနားလည်ထားပြီး ဖြစ်တဲ့အတိုင်း ဗိုလ်ချုပ်နဲ့ ဒေါ်စု ဟာ နိုင်ငံရေးလုပ်စားသူ နီပိန်းများနဲ့ ပြည်ဖျက်မီဒီယာများရဲ့ အသုံးချခံဘဝကို ရောက်နေရတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဆိုတာကို တပ်မတော်သားတွေကလည်း တပ်မတော်ရဲ့ ဖခင်ကြီးအဖြစ် အမြဲလေးစား ဂုဏ်ပြုလျက်ရှိတယ်။ သို့သော် တပ်မတော်သားများက ဗိုလ်ချုပ်ပုံရိပ်ကို အကြည်ညိုပျက်စေမယ့် အသုံးချမှုမျိုး လုပ်ခဲ့တာ မရှိဘူး။ နိုင်ငံရေးလုပ်စားသူ နီပိန်းတွေနဲ့ ပြည်ဖျက်မီဒီယာတွေမှာတော့ ဗိုလ်ချုပ်ကို သူတို့လောက် လေးစား မြတ်နိုးတဲ့သူ မရှိတော့သလို လုပ်ကြံဖန်တီး ပြောတတ်ကြတယ်။ ပြီးတော့ ဗိုလ်ချုပ်ပုံရိပ်ကို အသုံးချပြီး ကိုယ်ကျိုးရှာကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ ပုံရိပ်ကို အခုလို အသုံးချပြီး လုပ်စားနေတဲ့ နိုင်ငံရေးလုပ်စားသူ နီပိန်းတွေနဲ့ ပြည်ဖျက်မီဒီယာများကို ဦးဆောင်နေတဲ့ ပြည်ဖျက်မိစ္ဆာများဟာ ဗိုလ်ချုပ်ပြောခဲ့တဲ့စကားကို အလေးထားသလား၊ ဗိုလ်ချုပ်ခိုင်းခဲ့တဲ့ အလုပ်ကို သူတို့ လုပ်သလား။

အဲဒါတွေကို သူတို့ စိတ်မဝင်စားပါဘူး။ သူတို့ လိုသလို ပုံဖော်အသုံးချဖို့လောက်သာပဲ သူတို့ စိတ်ဝင်စားပါတယ်။ နိုင်ငံရေးလုပ်စားသူ နီပိန်းကြီးများလည်း ဗိုလ်ချုပ်မိန်းခွန်းတွေကို ဖတ်ဖူးကြမယ်လို့ ယူဆရပါတယ်။ နီပိန်း ပဒက်လေးတွေကတော့ သူများပါးစပ်ဖျားမှာ လမ်းဆုံးနေကြသူတွေ ဖြစ်လေတော့ သိချင်မှ သိကြပါလိမ့်မယ်။

၁၉၄၆ ခု၊ ဇန်နဝါရီလ (၂၀)ရက်နေ့က ရွှေတိဂုံစေတီတော် အလယ်ပစ္စယံမှာ ကျင်းပခဲ့တဲ့ ဖဆပလ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပြောခဲ့တဲ့ ဗိုလ်ချုပ် မိန့်ခွန်းထဲမှာ "နိုင်ငံရေးမည်သည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည်လော။ စင်စစ်မှာ နိုင်ငံရေးသည် ယုတ်မာ ညစ်ထေးသည်မဟုတ်။ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာ ဖြစ်ပေ၏။ နိုင်ငံရေးဆိုတာ ဘာလဲဟု မေးဘွယ်ရာ ရှိပြန်၏။ ကျွန်ုပ်တို့သည် သာမန်ပုထဇဉ်များ ဖြစ်သောကြောင့် နိုင်ငံရေးကို မလုပ်သင့်၊ နိုင်ငံရေးသည် အလွန်မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့် မတန်မရာ လေးမြတ်စွာ မျှော်ရှုရန်သာလျှင် ရှိသည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးဆိုသည်မှာ အချို့သော လူညာလူလိမ်တို့က တောအုံကနား ကျေးတောသား လူရိုး လူအတို့ကို အတိတ်၊ တဘောင်၊ ဘဝေါ စနည်းတို့ကို တွင်တွင်ကြီး ဟောပြော၍ ထိုသူတို့၏ မနောအကြိုက်ကို လိုက်၍ အငိုက်ကိုဖမ်းပြီးနောက် စားပေါက်ထွင်ကြမည့် ကိစ္စ ဆိုရမည်လော။ သို့တည်းမဟုတ်၊ နိုင်ငံရေးသည် ကန္တာရခရီးပမာ ကြောက်မက်ဘွယ်သော အန္တရာယ်များစွာ ရှိသော အရေးကိစ္စ ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် တတ်သာလျှင် ရှောင်ရှားသင့်သည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ်၊ နိုင်ငံရေးသည် ကျွန်ုပ်တို့ ပြောလေ့ပြောထ ရှိသည့်အတိုင်း၊ အမျိုး-ဘာသာ-သာသနာရေး ဟူ၍ပင် ဆိုရဦးမည်လော။

နိုင်ငံရေးသဘော အမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်း မဟုတ်၊ နိမ့်ကျလွန်းသည်လည်း မဟုတ်၊ မျက်လှည့် ဗေဒင်လည်း မဟုတ်၊ အဂ္ဂိရပ်လည်း မဟုတ်၊ ကြောက်မက်ဘွယ် ကောင်းသော ကန္တာရ ခရီးလည်း မဟုတ်၊ ဘယ်သူသေသေ ငတေမာ ပြီးရော- စိတ်ဇောနှင့် လုပ်သော အရေးကိစ္စလည်း မဟုတ်၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက် ဖြစ်ပွားလျက် ရှိသော အခြေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။ အတိုချုပ် ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင် ဖြစ်ပေသည်။ တနည်းအားဖြင့် ဆိုသော် နိုင်ငံရေး ဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင် ဖြစ်၏။ 

ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည်တို့၌ ပေါ်ပေါက်လျက် ရှိ၏။ ဤဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သမားသည် အခကြေးငွေအတွက် အလုပ် လုပ်ရ၏။ တောင်သူလယ်သမားသည် ဝမ်းစာအတွက် လယ်ယာလုပ်ရ၏။ စာရေးစာချီ အမှုထမ်းသည်လည်း လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်၊ ပွဲစား စသည်တို့သည် အသီးသီး ဝင်ငွေ ရရန် လုပ်ကြရ၏။ အချုပ်မှာ စားသောက်နေထိုင်ရေးအတွက်ပင် ဖြစ်၏။ အလုပ်သမားသည် အခကြေးငွေကို တိုးတက်၍ရပြီးလျှင် စားသာသောက်သာသော အခြေအနေကို ရလို၏။ တောင်သူလယ်သမားသည် မိမိ၏ လယ်မြေကို တိုးတက် ကောင်းမွန်စေ၍ သက်သာချောင်ချိလို၏။ စာရေးစာချီ အမှုထမ်းတို့သည်လည်း ရုံး၌ တကုတ်ကုတ် လုပ်နေရသော ဘဝထက် လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည် ရှိသော အခြေအနေသို့ ရောက်လိုကြ၏။ ကုန်သည်ပွဲစားတို့လည်း လွယ်လွယ်ကူကူ တိုးချဲ့၍ ကူးသန်းရောင်းဝယ်လိုကြ၏။ ဤကဲ့သို့ လူတိုင်း လူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင် ဖြစ်၏။" ဟု ဗိုလ်ချုပ်က အကျယ်တဝင့် ရှင်းပြခဲ့၏။

ကမ္ဘာအရပ်ရပ်တွင် ခွက်ခေါက် တောင်းစားနေကြသော နိုင်ငံရေးလုပ်စားသူများသည် ဗိုလ်ချုပ်ပြောသကဲ့သို့ ပြည်သူတို့၏ နေ့စဉ်မှုဘဝ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အဆင်ပြေတိုးတက်စေရေးအတွက် ဆောင်ရွက်နေကြသလား။ ဆောင်ရွက်နေသည်ကို တွေ့မြင်ဖူးပါသလား။ ခွက်ခေါက်၍ ရသည်ကို အလွဲသုံးစားလုပ်ကြသည်။ လက်ပါးစေ အကြမ်းဖက်သမားများကို ငွေကြေး၊ လက်နက် ပေးပြီး ပြည်သူအချင်းချင်း သတ်ခိုင်းသည်။ အစိုးရရုံးဌာနများကို မိုင်းခွဲ၊ မီးရှို့ဖျက်ဆီးသည်။ ပြည်သူတို့၏ နေ့စဉ်လူမှုဘဝ ခရီးသွားလာရေး အဆင်ပြေအောင် ဆောင်ရွက်ထားသော လမ်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးသည်။ နိုင်ငံရေး လုပ်စားသူ နီပိန်းများ၊ ပြည်ဖျက်မီဒီယာများနှင့် ၎င်းတို့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်များအပေါ် ဗိုလ်ချုပ် ဖွင့်ဆိုသည့် နိုင်ငံရေးအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် နှိုင်းယှဉ်ကြည့်ရုံမျှဖြင့်ပင် နိုင်ငံရေးသမားများကောင်းများ ဟုတ်၊ မဟုတ် သိသင့်ပေသည်။ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်နေသော သူယုတ်မာများ ဖြစ်သည်ကို ထင်ရှားစွာ သိမြင်နိုင်သည်။

ဤမျှဆိုလျှင် လုံလောက်ပြီ ထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ပုံရိပ်ကို အသုံးပြု၍ လုပ်စားခြင်းအပေါ် မပြောလိုပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင်လျှင် တိုင်းပြည်၏ အချုပ်အခြာအာဏာကို မလျှော်ကန်သောနည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းသူ၊ ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို အလွဲသုံးစားလုပ်၍ အဂတိလိုက်စားမှုများ ကျူးလွန်ခဲ့သူ ဖြစ်သည်။ ထိုသိုသော အမျိုးသမီးကို အမှီပြု၍ (ထမီနားခို၍) လုပ်စားနေသူများ ခွက်ခေါက်ပြီး အလွဲသုံးစား လုပ်နေကြသည်မှာ ပြောဘွယ်ရာမရှိပါ။

ဗိုလ်ချုပ် အောင်ဆန်းပုံရိပ်ကို အသုံးပြု၍ လုပ်စားနေသည့် လုပ်ရပ်များကိုမူ ဆင်ခြင်သင့်ပေပြီ။ ဗိုလ်ချုပ်ပြောသည့် စကားများကို မြေဝယ်မကျ နားထောင်၍ အများပြည်သူ ကောင်းကျိုးဖြစ်ရန် ဆောင်ရွက်လျှင် အပြစ်ဆိုဘွယ် မရှိပါ။ ယခုမယူ တိုင်းတပါးတွင် ခွက်ခေါက်၍ ရသမျှ အလှူငွေဖြင့် ယစ်မူးနေသူများကြောင့် နိုင်ငံပုံရိပ်၊ ဗိုလ်ချုပ်ပုံရိပ်သည် တိုင်းတပါးသားတို့၏ စော်ကားခံဘဝကို ရောက်ခဲ့ရလေပြီ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ လုပ်ရပ်များသည် နောင်လာနောင်သားများပါ အတုယူမှားချေသော် ခက်ပေလိမ့်မည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ခဲ့သည့် တပ်မတော်ကို တော်လှန်သည်ဟု ခေါင်းစဉ်တပ်၍ အကြမ်းဖက်လုပ်ရပ်များဖြင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများကို သတ်ဖြတ်နေသည့် နီပိန်းများက ဗိုလ်ချုပ်ပုံရိပ်ဖြင့် လုပ်စားနေသည်မှာ သင့်တော်ပါ၏လော။ စဉ်းစားကြပေတော့ . . . . .


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)