ငါးသိုင်းချောင်း မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်း မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်






ငါးသိုင်းချောင်း ၊ ဇွန်  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်း မြို့တွင် ယနေ့ဇွန်လ(၁)ရက်နေ့၌ကျောင်းများစတင်ဖွင့်လှစ်ရာကျောင်းသား၊ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

ထိုသို့ကျောင်းများ စတင်ဖွင့်လှစ်ရာသို့မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်နှင့် တာဝန်ရှိသူများမှလှည့်လည်ကြည့်ရှု့ခဲ့ပြီးကျောင်းနေအရွယ် ကလေးအားလုံးရာနှုန်းပြည့်ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

ငါးသိုင်းချောင်း မြို့တွင် မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများ၌ ရာနှုန်းပြည့် ကျောင်းအပ်လက်ခံဆောင်ရွက်ခဲ့ပြီး ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာတက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။


Join -  https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)