ပင်းတယမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စာပြန်၊ စာဖြေပွဲတော်ကြီးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စာပြန်၊ စာဖြေပွဲတော်ကြီးကျင်းပ


ပင်းတယ၊ ဇွန် ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စာပြန်၊ စာဖြေပွဲတော်ကြီးအား ယမန်နေ့ နံနက် ၇ နာရီက မြို့နယ်ဓမ္မာရုံ၌ စတင် ကျင်းပခဲ့သည်။

၁၃၈၆ ခုနှစ် ပင်းတယမြို့နယ်လုံးဆိုင်ရာ သာသနဟိတပရိယတ္တိ စာပြန်၊ စာဖြေပွဲတော်ကြီးအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အရှင်စံန္ဒောဘာသနှင့် ဆရာတော်များက ကြီးမှူး၍ ဆရာတော်အရှင်သူမြတ်များနှင့် စာဖြေစာပြန်သံဃာတော်များအား အာရုံဆွမ်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ စာဂထမင်းကျွေးခြင်းနှင့် ဝေယျာဝစ္စကိစ္စများကို နေ့စဉ်တာဝန်ကျ ရပ်ကွက်များမှ အလှည့်ကျဖြင့်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ကျင်းပသည့် (၇၀/၆၈) ကြိမ်မြောက် စာပြန်/ဖြေပွဲတော်ကြီးတွင် မူလ(က)၊ မူလ(ခ)၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမအတန်းလိုက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စာပြန်သံဃာတော် ၃၀၀ ပါးနှင့် စာဖြေသံဃာတော် ၂၂၃ ပါး၊ စုစုပေါင်းသံဃာတော် ၅၂၃ ပါးရှိကြောင်း၊ မြို့နယ်လုံးဆိုင်ရာစာပြန်/ဖြေပွဲတော်ကြီးအား ဇွန်လ၂ ရက်နေ့မှ  ၆ ရက်နေ့အထိ ၅ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး အောင်လက်မှတ်ပေးအပ်သည့် ဆုနှင်းသဘင်အခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက် (ကဆုန်လကွယ်) နေ့တွင် အဆိုပါ မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ကိုဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)