(၃၉) ကြိမ်မြောက် အာဆီယံ-ဂျပန်ဖိုရမ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၉) ကြိမ်မြောက် အာဆီယံ-ဂျပန်ဖိုရမ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်



ဗန်ကောက်၊ ဇွန် ၂၅

(၃၉) ကြိမ်မြောက် အာဆီယံ-ဂျပန်ဖိုရမ်ကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အစည်းအဝေးအား ထိုင်းနိုင်ငံ အဆင့်မြင့်အရာရှိကြီးဖြစ်သူ အမြဲတမ်းအတွင်းဝန် H.E. Mrs. Eksiri Pintaruchi နှင့် ဂျပန်နိုင်ငံ အဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Funakoshi Takehiro တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့သည်။ 

အစည်းအဝေးတွင် အာဆီယံ-ဂျပန်မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာတမ်းအား အကောင်အထည်ဖော်သွားမည့် လုပ်ငန်းစဉ်များမှ အာဆီယံ-ဂျပန် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် ဦးတည်ချက်များကို အဓိက ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များကို အစည်းအဝေး တက်ရောက်လာကြသူများမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)