မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ




မက်မန်း၊ ဇွန် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က မက်မန်းမြို့နယ် ဆွတ်ဝိုးအုပ်စု၊ ဆွတ်ဝိုးကျေးရွာတွင် ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆွတ်ဝိုးတိုက်နယ် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက အဖွင့်အမှာစကား ပြောကြားရာတွင် ဆွတ်ဝိုးကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ရုံနှင့် ဆရာဝန်အင်အား၊ ကျန်းမာရေးဝန်ထမ်းများ၏ အင်အားပြည့်စုံမှုရှိပါကြောင်း၊ ကျေးရွာသူ/ကျေးရွာသားများအနေဖြင့် ကျန်းမာမှ အလုပ်ကိုကောင်းစွာလုပ်ကိုင်နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိရှိကြဖို လိုအပ်ပါ ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဆွတ်ဝိုးကျေးရွာ တိုက်နယ်ဆရာဝန် ဒေါက်တာ တိုးသူရအောင်က လက်ရှိမိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ကာလဝမ်းရေားဂါများအဖြစ်များပါကြောင်း၊ ကျေးရွာသူ/ကျေးရွာသားများ အနေဖြင့် ရေကိုစနစ်တကျ ကျိုးချက်သောက်သုံးရန် လိုအပ်ပါကြောင်း၊ ခြင်ကိုက်ခြင်းကြောင့် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားရသည့်အတွက် ကလေးငယ်များ ခြင်ကိုက်ခြင်းမရှိအောင် ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ ခြင်များပေါက်ပွားခြင်းမရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကြိုတင်ကာကွယ်ခြင်း သည် ကုသခြင်းထက် ထိရောက်ပါကြောင်း၊ ရောဂါဖြစ်ပွားပါက ဆေးမြီးတိုဖြင့် ကုသမနေဘဲ ဆေးရုံသို့ အမြန်ဆုံးလာရောက်ကုရမည်ဖြစ်ပါကြောင်း ဟောပြောခဲ့သည်။ ဆက်လက်၍ မက်မန်းခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က ကျန်းမာမှ အသိ ပညာ၊ အတတ်ပညာများ ရရှိနိုင်မည်ဖြစ်သဖြင့်  ကျန်းမာရေးကို ဂရုပြုလိုက်နာကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားရှိသည့် ကျန်းမာရေးထုတ်ပြန်ချက်များကိုလည်း လိုက်နာကြရန် လိုအပ်ပါကြောင်း၊ ကျန်းမာမှ ချမ်းသာခြင်းကို ရရှိနိုင်သဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စများအား ဌာနဆိုင် ရာများသို့ ချက်ချင်းအကြောင်းကြားရန် လိုအပ်ပါကြောင်း ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ဆွတ်ဝိုးအုပ်စုအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသူ/ သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


စောဥမ္မာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)