နေပြည်တော်တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ


နေပြည်တော်၊ ဇွန် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ခေတ္တကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များနှင့်အဖွဲ့ဝင်များ၊ သင်တန်းသားများ၊ သင်တန်းသားများ၏ မိဘများနှင့် ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ခေတ္တ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး တင်အောင်မြင့်သည် ပြည်သူ့စစ်မှုထမ်း သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းတပ်ခွဲများအား လိုက်လံစစ်ဆေးသည်။

ထို့နောက် တပ်ခွဲမှူးက ဦးဆောင်၍ သင်တန်းဆင်းတပ်ခွဲ ကတိသစ္စာခံယူကြပြီး ခေတ္တကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းတွင် စံပြတပ်သားဆုနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိကြသည့် သင်တန်းသားများအား တစ်ဦးချင်း ဆုများချီးမြှင့်သည်။

ယင်းနောက် အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး တင်အောင်မြင့်က သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

သင်တန်းဆင်းပွဲအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် အမှတ် (၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) သင်တန်းခန်းမ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသားများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းဆင်းဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး သုံးပါးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရရပ်တည်မြဲမြန်စေရန်အတွက် စောင့်ထိန်းရမယ့် အမျိုးသားရေးတာဝန် ဖြစ်ကြောင်း၊  ပြည်သူအားလုံးပါဝင်သည့် ပြည်သူ့ကာကွယ်ရေးစနစ်၊ ပြည်သူ့လုံခြုံရေးစနစ် စတင်ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်ရဲဘော်များအားလုံးကို လေးစားဂုဏ်ယူပါကြောင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ပြည့်ဝသူများ၊ နိုင်ငံသားတိုင်းတာဝန်ကျွေပွန်သူများ ဖြစ်သည်ကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ ယခုသင်တန်းမှလေ့ကျင့်သင်ကြား ပို့ချပေးခဲ့သည့် ဘာသာရပ်များကို လေ့ကျင့်သင်ကြား တတ်မြောက်ပြီးဖြစ်သည့်အတွက် နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် စွမ်းရည်၊ စွမ်းပကား ပြည့်ဝသော နိုင်ငံ့သားကောင်း စစ်သည်များဖြစ်အောင် ဆက်လက်လေ့ကျင့်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းက သင်တန်းသားများအား တွေ့ဆုံ၍ သင်တန်းဆင်းဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


ထွန်းထွန်းဝင်း

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)