မုံရွာမြို့တွင် နေရပ်စွန့်ခွာသူများအား ဒုတိယအကြိမ် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့တွင် နေရပ်စွန့်ခွာသူများအား ဒုတိယအကြိမ် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်




 မုံရွာ၊ ဇွန် ၄  

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များအနက် မုံရွာ ခရိုင်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မှ စတင်ပြီး မုံရွာမြို့နယ် စုပေါင်းရုံး အစည်းအဝေး‌ခန်းမနှင့် သတ်မှတ်‌နေရာ(၄)ခုတို့တွင် ပေးအပ်လျက်ရှိရာ ယနေ့အထိ လူဦးရေ ၂၂၃၈ ဦးအတွက် စုစုပေါင်း ဆန် ၂၀၉၈အိတ်၊ ၃ ပြည်၊ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မုံရွာခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ထံမှ သိရသည်။


ရိက္ခာဆန်များ ထောက်ပံ့ပေးရာတွင် သတ်မှတ်နေရာ(၄)ခု၌ ‌ မုံရွာခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ဝင်များက သက်ဆိုင်ရာဌာနကိုယ်စားလှယ် တစ်ဦးချင်းအလိုက် ဝန်ထမ်းမှတ်ပုံတင်စိစစ်ရေးကဒ်၊ နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကဒ်များဖြင့် တိုက်ဆိုင်စစ်ဆေးမှတ်တမ်းထားရှိခြင်း၊ နေ့စဉ်ခွဲဝေပြီးစီးမှု အခြေအနေများအားစာရင်းရှိ၊ ထုတ်ဝေပြီးစီးမှု၊ လက်ကျန်စာရင်းရေးဆွဲ၍ စနစ်တကျထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ 


မုံရွာမြို့ခရိုင်အတွင်း မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် စသည့်(၄)မြို့နယ်ရှိ နေရပ်စွန့်ခွာပြည်သူ (၄၅၃၁)ဦးရှိသည့်အနက် မေ(၇)ရက်နေ့တွင် တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု စုစုပေါင်း(၂၂၉၃)ဦးတို့အား တစ်ဦးလျှင်(၁)ရက် နို့ဆီဗူး(၂)ဗူးနှုန်းဖြင့် (၃)လစာ ၂၁၄၉ အိတ်၊ ၁၆ ပြည်၊ ၄ ဗူးအား ပထမအကြိမ် ထောက်ပံ့ပေးပြီးဖြစ်ကာ ယခုကျန်ရှိသည့် နေရပ်စွန့်ခွာသူဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု စုစုပေါင်း (၂၂၃၈)ဦးတို့အား တစ်ဦးလျှင်(၁)ရက် နို့ဆီဗူး(၂)ဗူးနှုန်းဖြင့် (၃)လစာအား ဒုတိယအကြိမ် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး မုံရွာမြို့ပေါ်အတွင်း တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးများ၊ သက်ဆိုင်ရာရပ်ကွက်များတွင် တိုက်ပွဲရှောင်နေရပ်စွန့်ခွာသူ စုစုပေါင်း(၄၅၃၁)ဦးအတွက် စုစုပေါင်း ဆန် ၄၂၄၇အိတ်၊ ၁၉ ပြည်၊ ၄ ဗူး ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မုံရွာခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့မှ သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)