မိုင်းယုမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများတွင် စတင်ဖွင့်လှစ်ပညာသင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများတွင် စတင်ဖွင့်လှစ်ပညာသင်ကြား




မိုင်းယု၊ ဇွန် ၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ယနေ့၊ ကျောင်းဖွင့်ရက် ပထမနေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြသည်။

အဆိုပါ မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ မေ ၂၃ ရက်နေ့မှ ဇွန် ၃ ရက်နေ့ထိ ကျောင်းအပ်နှံပြီးသူ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၃၀၀ ကျော်ရှိပြီး စတင်ပညာသင်ကြားနေကြကြောင်းနှင့် ကျောင်းအပ်ဆက်လက် လက်ခံခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

ကျောင်းများစတင်ဖွင့်လှစ်ရာတွင် မိုင်းယုဒေသတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ပြန်လည်ဖွင့်လှစ် ကြသည့်ကျောင်း အထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁)ကျောင်း၊ မူလတန်း(လွန်) ကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၆)ကျောင်းရှိပြီး စုစုပေါင်းကျောင်း(၉)ကျောင်းရှိကြောင်း သိရသည်။


ကိုကိုနိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)