ကမ္ဘာမြေလှပရေးနှင့် စာရေရိက္ခာဖူလုံရေး သစ်ပင်စိုက်ပျိုးထိန်းသိမ်းပေး အသိပညာပေး ဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာမြေလှပရေးနှင့် စာရေရိက္ခာဖူလုံရေး သစ်ပင်စိုက်ပျိုးထိန်းသိမ်းပေး အသိပညာပေး ဟောပြော




ဇေယျာသီရိ၊ ‌ဇွန် ၁

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ  ကမ္ဘာမြေလှပရေးနှင့် စာရေရိက္ခာဖူလုံရေး သစ်ပင်စိုက်ပျိုးထိန်းသိမ်းပေး အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ သစ်တောသုတေသနဌာန စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးတင့်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုရန်၊ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောသစ်ပင်များ၏ အရေးပါပုံကို သိရှိစေရန်အတွက် ယခုလိုဟောပြောပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြာခဲ့ပြီး သစ်တောသုတေသနဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန့်ရှင်းနှင့် တာဝန်ရှိသူများက “သစ်တောသစ်ပင်များမှရရှိသော ဂေဟစနစ်ဝန်ဆောင်မှုများ”၊ “ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအားလုံး ပါဝင်ဆောင်ရွက်ပေး”၊ “ကမ္ဘာမြေကျန်းမာဖို့ သစ်ပင်စိုက်ပျိုးကြပါစို့”၊ “ရေနှင့်မြေအကြောင်း သိကောင်းစရာ” ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောခဲ့သည်။

ယင်းနောက် သစ်တောသုတေသနဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိအိဆွေလှိုင် ဦးဆောင်၍ တာဝန်ရှိသူများက ဟောပြောပွဲသို့ တက်ရောက်လာသည့် ရေဆင်းအခြေခံပညာ အထက်တန်းကျောင်းနှင့် သစ်တောသုတေသနဌာနခွဲ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် သစ်တောပညာရပ်ဆိုင်ရာ ဉာဏ်စမ်းဂိမ်းများ ကစားခြင်းနှင့် အသိပညာမျှဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ဉာဏ်စမ်းဂိမ်းကစားရာတွင် ဆုရရှိသူများအား ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ခဲ့သည်။

ဆက်လက်၍ သစ်တောသုတေသနဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများက သစ်တောသုတေသနဌာန သစ်မျိုးစုံဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုခြင်းနှင့် သစ်ပင်များစိုက်ပျိုးနည်း၊ ရှင်သန်ကြီးထွားအောင်ပြုစုနည်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အမှတ်တရ စုပေါင်းသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ထွန်းလင်း(ဇေယျာမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)