မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ပင်းပက်သံမဏိစက်ရုံကို သွားရောက်လေ့လာခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်အား သွားရောက်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ပင်းပက်သံမဏိစက်ရုံကို သွားရောက်လေ့လာခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်အား သွားရောက်တွေ့ဆုံ


တောင်ကြီး၊ ဇွန် ၂၀

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်သည် ဇွန် ၁၉ ရက်က တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E.Mr.Iskander Azizov နှင့် အလုပ်သဘော တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပင်းပက်စက်ရုံကို သွားရောက်လေ့လာခဲ့ပြီး စက်ရုံလည်ပတ်နိုင်ရန် တွန်းအားပေးခဲ့ပါကြောင်း၊ စဝ်စံထွန်းဆေးရုံကိုလည်း လေ့လာမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် သဘာဝရှုခင်းများနှင့် လှပကြောင်း၊ ပြည်နယ်သည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်သည့်အတွက် ရုရှားနိုင်ငံနှင့်တူပါကြောင်း၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံချစ်ကြည်ရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံသည် ရှေ့ဆက်ပြီး နိုင်ငံအချင်းချင်း ဘက်ပေါင်းစုံတိုးတက် အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့်အပြင် ပြည်သူအချင်းချင်း ခရီးသွားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပင်းပက်စက်ရုံကို အမြန်ဆုံးလည်ပတ်နိုင်အောင် ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရုရှားနိုင်ငံမှ စဝ်စံထွန်းဆေးရုံအပြင် တောင်ကြီးမြို့ရှိ ပြည်သူများအတွက် သောက်ရေ၊ သုံးရေ၊ ရေကန်များကိုလည်း တည်ဆောက်ပေးခဲ့၍ လက်ရှိအချိန်အထိ မြို့ပေါ်နေပြည်သူများက သောက်ရေ၊ သုံးရေကို အသုံးပြုနေပါကြောင်း၊ ယင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးသည်။ 

ထို့နောက် အပြန်အလှန် အမှတ်တရလက်ဆောင်ပေးအပ်ကြကြောင်း သိရသည်။


မောင်မောင်သန်း (တောင်ကြီး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)