ပျော်ဘွယ်မြို့နယ်တွင် အသက်(၁၈) နှစ်နှင့်အထက် (စတုတ္ထအကြိမ်မူကြမ်း) စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျော်ဘွယ်မြို့နယ်တွင် အသက်(၁၈) နှစ်နှင့်အထက် (စတုတ္ထအကြိမ်မူကြမ်း) စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်



ပျော်ဘွယ်၊ ဇွန် ၂၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ဩဂုတ်လအတွင်း ဆောင်ရွက်ရမည့် အသက်(၁၈)နှစ်နှင့်အထက် (စတုတ္ထအကြိမ်မူကြမ်း) စာရင်းများ စစ်ဆေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး၌ ယနေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွန်ပျူတာဖြင့် စာရင်းများရေးသွင်းထားမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ ပူးပေါင်း၍ စာရင်းများ မှားယွင်းမှုရှိစေရေး စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထို့ကဲ့သို့ ဆောင်ရွက်လျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး ဦးစိုးမြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး စတုတ္ထအကြိမ်မူကြမ်းတွင် အသက်(၁၈)နှစ်နှင့်အထက် စာရင်းများ မှားယွင်းမှု မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


မင်းမင်းထွေး(ပျော်ဘွယ်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)