လှည်းကူး၊ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း ရန်ကုန် - မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၁/၄)မိုင်တွင် ဇွန် (၁၆) ရက်၊ နံနက် (၇)နာရီ (၄၇)မိနစ်အချိန် ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းမှာ ယာဉ်အတွင်း ညပ်နေသည့်အတွက် ကယ်ထုတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
ယာဉ်တစ်စီးမှာ အရှိန်လွန်ပြီး လမ်းဘေးရှိ သစ်ပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွား၍ လူညပ်နေကြောင်း သတင်းအရ (၁၁) မိုင် အမြန်လမ်း နယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ နံနက် (၈)နာရီ (၂၂)မိနစ်အချိန်တွင် ကားအတွင်း ညပ်နေသူ ယာဉ်မောင်းအား ကယ်ထုတ်နိုင်ခဲ့ပြီး ဉာတိသင်္ဂဟပရဟိတအသင်းယာဉ်ဖြင့် ပဲခူးဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment